Uni..
"အင့် ဟင်း..."
ရင်ခွင်ထဲမှ အကောင်ပေါက်ရဲ့ ညည်းသံကြောင့် လနက် ချက်ချင်းပင် နိုးသွားသည်..ညည်းသံတွေက အဆက်မပြတ်တာကြောင့် စိုးရိမ်မိသွားပြီး ထကာထိုင်လိုက်ကာကလေးအိုကိုကြည့်တော့ မျက်လုံးတွေမဖွင့်ပါဘဲ မျက်မှောင်လေးကြုတ်ထားလျက် ညည်းညူနေသည်
လနက် စိုးရိမ်သွားပြီး ခန္တာကိုယ်ကိုထိကိုင်ကြည့်တော့ ပူကျစ်နေသည်..နဖူးကိုစမ်းကြည့်တော့လဲ ပူခြစ်တောက်နေတာမို့ ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်..."ဖျားနေပြီကွာ ကျစ်"
ကြည့်ရတာ ဒဏ်များသွားပုံရသည်..ဘယ်အချိန် ဘယ်နှနာရီမှန်းမသိလောက်အောင် လနက် ရှေ့ဆက်တိုးခဲ့သည်မို့ နောက်ဆုံးမှာ ကလေးအိုသတိလွတ်သည်အထိဖြစ်သွားရသည်..အရင်တွေကလိုပဲထင်ပြီးသိပ်အလေးမထားမိဘဲ ရေပတ်တိုက် သန့်ရှင်းရေးလုပ်ပေးထားကာ အဝတ်ပြန်ဝတ်ပေးပြီးနောက် သူပါဝင်အိပ်နေလိုက်ခြင်း..ဒဏ်ကလဲ မပိဘဲရှိရော့..နေ့လည်ကတင် ညရောက်ပါးနီးသည်အထိပဲ...
လနက်လဲဘာမှမလုပ်တတ်တာမို့ ကြားဖူးနားဝလေးရှိသော နည်းလမ်းကိုသုံးရန် ရေချိုးခန်းထဲအမြန်သွားပြီး ပုဝါတစ်ထည်ကိုရေစွတ်ကာ လွှာ့ခေါင်းပေါ်တင်ထားပေးလိုက်သည်..
"ဟင်းးဟင်းး......"
လွှာအတော်လေးနာကျင်နေပုံရပါသည်..ညည်းသံတွေမှာလဲ ငိုသံလေးတွေရောစွတ်လျက်...
"အာ ဆရာဝန်ခေါ်ရမှာဘဲ..ချီးတဲ့မှ ဒါကိုမေ့နေရသလား"
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်ပြီး ဖုန်းကိုယူကာ Family Doctor ကိုဆက်မည်အပြု
"အမ် ငါမှ သူ့ဖုန်းနံပါတ်မသိတာ...xိုးးပဲ"
သွေးပူနေတာကြောင့် ဘာမှစဥ်းစားလို့မရဘဲ ခါးထောက်လျက်ခဏတာ ရပ်နေရသည်..
📞မာမီ"
မာမီ့ကိုတွေးလိုက်မိတာကြောင့် အမြန်ဖုန်းဆက်လိုက်တော့.ဖုန်းကမဝင်သေးသော်ငြား မာမီဟုခေါ်မိလိုက်သေးသည်..အခုကျမှ ဖုန်းဝင်တာလဲ သေမလောက်ကြာနေတာ..
"Hello"
📞Hello မာမီ လွှာဖျားနေလို့..အ့တာ"
"ဟမ် လှိုင်းဖျားနေတာလား ခဏနော် မာမီအခုထွက်လာပြီ အိမ်လိပ်စာရောပို့ထားလိုက်"

ESTÁS LEYENDO
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~