Uni...
"လနက်ရာဇသံ!!!
လှိုင်း အော်လိုက်တော့လဲ မထီသလိုပင် ရှုတည်တည်လုပ်နေသည်....
"မင်းမရိုင်းစိုင်းနဲ့နော်..."
"ဘာလဲ ဟုတ်နေတာပဲမလား အရင်နေ့ကတည်းက သွားရင်ပြောလို့ပြောထားတယ်မလား"
"မင်းရောမပြောလဲရတယ်လို့ပြောခဲ့တာမလား"
"ဒါကြောင့်မပြောသွားတာလား...စောက်ပိုတွေ..ကျုပ်သိရင် ခင်ဗျားကို မလွှတ်မှာ သူနဲ့အေးဆေးမတွေ့ရမှာ မလို့မပြောသွားတာမလား"
"မင်းမလွှတ်လဲ ငါသွားတွေ့မှာ မင်းနှောင့်ယှက်လဲ ငါသူနဲ့အေးဆေးတွေ့လို့ရအောင်လုပ်မှာဘဲ..ဒါတွေအတွက် မင်းဆီကခွင့်ပြုချက်ယူနေစရာမလိုဘူး..မင်းသဘောမတူမှာစိုးရိမ်နေစရာမလိုဘူး မင်းမသိအောင်လုပ်နေစရာလဲမလိုဘူး"
ဟုတ်ပါသည်..ကိုယ်က သူခွင့်ပြုမှ သွားရမယ့်ကလေးမဟုတ်ပေ..ကိုယ့်စိတ်နဲ့ကိုယ်သွားချင်ရာသွားနိုင်သည့် လူတစ်ယောက်..သူခွင့်မပြုမှာအတွက်နဲ့တော့ သူ့ကိုမပြောဘဲ ခိုးပြီးသွားစရာမလို..
"ဟက် ခင်ဗျားက ကျုပ်ကို နည်းနည်းလေးတောင်အလေးမထားတာဘဲ"
"မင်းကလဲ ငါ့ကိုနည်းနည်းလေးတောင် ယုံကြည်မပေးဘူးလေ"
လနက်က သူ့အနားတိုးလားပြီး သူ့ပုခုံးသားတွေကို ဆုပ်ကိုင်လာသည်..
"ခင်ဗျားကရော ယုံကြည်စရာကောင်းနေလို့လား..အဲ့မိန်းမဆီကပြန်လာပြီး ဆိုဖာပေါ်ထိုင်ကတည်းက တပြုံးပြုံးလုပ်နေတာလေ..ဘာကလေးလဲ..ဘာစိတ်ယိုင်တာတွေပြောနေတာလဲ"
"ဘာတွေလဲ..မင်းဘာမှမသိဘဲလျှောက်မပြောနဲ့"
လှိုင်းတကယ်မသိလိုက်မိပါ..တစ်လျှောက်လုံးသူပြုံးနေခဲ့တာလား..ဒါပေမယ့် လနက်အကြောင်းတွေးနေတာမို့ ပြုံးမိနေတာပဲလေ..ပြောတာလဲ သူ့ကိုပြောနေတာ..ဒါကိုတောင် သူကသူ့ပြောမှန်းမသိ ဒေါသထွက်နေသေး
"မသိလို့ပေါ့ သိရင်နှစ်ယောက်လုံးဒီတိုင်းထားပါ့မလား..ပြောစမ်း အဲ့ကောင်မကဘယ်လိုတွေပြုစုပေးလိုက်လဲ"

YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~