Ep 21

8.5K 246 1
                                    

Uni......

📞လွှာ မောင်တောင်းပန်တယ်နော် အရေးကြီးကိစ္စတစ်ခုကို ဒယ်ဒီကလွှဲပေးလိုက်လို့"

"ရတယ် ငါ့ငါပြန်လိုက်မယ်"

"မောင်ကားလွှတ်ပေးလိုက်မယ်..ခဏစောင့်နေနော်"

"အင်း..မင်းသာစောစောပြန်ခဲ့"

"အင်း ဒါဆိုဒါပဲနော် မောင်သွားရတော့မယ်"

ကျသွားသည့် ဖုန်းအားကြည့်ပြီး လှိုင်းဗျစ်တောက်ဗျစ်တောက်ဆဲနေမိသည်..ဒီလိုတွေဖြစ်လာမယ်မှန်း ထင်ထားပြီးသားပါ..Uni အတွင်း ကျောင်းသားတွေ မရှိသလောက်ဖြစ်နေပြီး လှိုင်းမှာ ကြောင်တောင်တောင် ရပ်စောင့်နေရသည်..

"လူယုတ်မာလေး ငါ့ကားငါယူမယ်ပြောတာကျမရဘူး သူလဲလာမကြိုနိုင်ဘဲ အလကားငါ့ကိုဒုက္ခပေးတာ"

ပွစိပွစိပြောရင်း လနက်လွှတ်လိုက်သည့်ကား ရောက်လာမည်ကို ရပ်လျက်စောင့်ဆိုင်းနေရသည်..

"တကယ်မလုပ်နိုင်ရင်လဲ ဘာလို့ရှည်သေးလဲ..အခုတော့ငါ့မှာ ပြဿနာတက်ပြီ ကြည့်နေ အိမ်ရောက်ရင် ကောင်းကောင်းပညာပြပစ်မယ်"

"ဆရာလှိုင်းသဝဏ်လွှာ... !

နောက်ပါးမှ ကြားလိုက်ရတာကြောင့် လှည့်ကြည့်တော့ ဟိုနေ့က လှိုင်းကို စာကြည့်တိုက်ပို့ပေးခဲ့သူဖြစ်သည်..

"မပြန်သေးဘူးလား"

"အင်း..လာကြိုမယ့်ကားစောင့်နေတာ.."

နားလည်သွားဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်း လှိုင်းအနားကပ်လာလေသည်..လှိုင်းလဲ ဟိုကောင်ရဲ့ stalkerတွေရှိနေမှာ စိုးရတာနဲ့ ဘေးကိုရွှေ့ကာ ခပ်လှမ်းလှမ်းတွင်နေလိုက်သည်...

"ဆရာရော....ဘာလို့မပြန်သေးတာလဲ"

"ကိုယ့်အိမ်သူကိုစောင့်နေတာ..ကိုယ့်ကားကပျက်နေလို့ သူလာကြိုပေးမှာတဲ့.."

"အော် အိမ်ထောင်ရှိတာလား"

လှိုင်းအံ​သြတာတော့မဟုတ်ပေမယ့် ဒီလူကငယ်သေးပုံပေါက်တာကြောင့် မထင်ထားမိခဲ့...

"ဟုတ်တယ်..ကိုယ့်နာမည်က ဟိန်းခန့်ဇော်ပါ ဆရာ့ထက်ငယ်တာမို့ နာမည်ပဲခေါ်လဲရပါတယ်"

PERFECTWhere stories live. Discover now