Uni.....
"ခင်ဗျား သွားတော့မလို့လား.."
"အင်း........"
အိတ်ကိုင်၍အခန်းထဲမှထွက်လာသူကြောင့် လနက် မေးလိုက်တော့ ကလေးအိုလေးက မှုန်ကုပ်ကုပ်လေးဖြင့်ပြန်ဖြေပါသည်..
"ဟ ဘာဖြစ်နေတာတုန်း ခင်ဗျားမျက်ခွက်က မသိရင် ဆပ်ပြာသည်လင်ပျောက်တဲ့ရုပ်.."
လနက်၏အပြောကြောင့် ကလေးအိုက လနက်အား မျက်စောင်းဖြင့်ကြည့်လာပြန်ပါသည်..
"မင်း ငါ့ကိုအခုစကားနာလာမထိုးလို့ရမလား ငါအခုအတော်လေးစိတ်ရှုပ်နေတာ"
လနက်လဲ သက်ပြင်းသာချလိုက်သည် ကလေးအို အလုပ်ဝင်နေတာနှစ်ရက်ရှိနေပြီဖြစ်သည်..Private schoolတစ်ခုမှာလျှောက်တာ အငြင်းခံရပြီး..သူအခု ကျူရှင်တစ်ခုမှာပဲ ဂိုက်လုပ်နေတာဖြစ်သည်.ကလေးတွေကလဲ...အကုန်socialနဲ့ကျွမ်းဝင်သူတွေဆိုတော့ ကလေးအိုသတင်းကို.သိကြတယ်ေလ ...ဆိုတော့ကာ စာသင်ရတာအဆင်မပြေဖြစ်တာပေါ့..
"ခင်ဗျားမလုပ်နိုင်ရင်မလုပ်နဲ့လေ..ကျုပ်ရှိနေတာပဲ ခင်ဗျားယောက်ျားကျုပ်က သူဋ္ဌေးပဲလေ"
"ပေါက်တတ်ကရမပြောဘဲဖယ်စမ်းပါ.."
ကလေးအိုကပြောကာ လနက်အားတွန်းဖယ်လိုက်ပြီး အပြင်ဘက်သို့ဦးတည်သွားနေလေသည်..ရုတ်တရက် သူကသွားနေရင်းမှ ရပ်ကာပြန်လှည့်ကြည့်လာပြီး...
"ဒါနဲ့မင်းက ဝတ်စုံပြည့်နဲ့ ဘယ်သွားမလို့လဲ "
"သွားစရာရှိမှဝတ်ရမှာလား"
"ဟ ဘယ်သူကအိမ်မှာနေရင်း suitဝတ်လို့လဲ ဒါနဲ့မင်းနဲ့လိုက်သားပဲ အခုမှလူနဲ့တူတော့တယ်"
"ကြွေသွားတယ်မလား.."
လနက် ပြုံးတုံ့တုံ့မေးတော့ ကလေးအိုကပါးစပ်ရွဲ့ရင်းမျက်စောင်းထိုးပြန်သည်..
"အရေးမပါတာမပြောဘဲ ဘယ်သွားမှာလဲပဲဖြေစမ်းပါ.. "
"Company ကproject တစ်ခုစဖို့ တာဝန်ရှိသူနဲ့စကားသွားပြောရမှာ...."
လနက်အပြောအား ကလေးအိုက မျက်လုံးပြူးကြီးဖြင့်တုံ့ပြန်သည်..မမှိုတ်မသုန်ကြီးဖြင့် မယုံသလိုကြည့်ကာ..
YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~