Ep 17

12.6K 307 9
                                    

Uni...

"လနက် တော်စမ်း မင်းလွန်လာပြီနော်"

အချိန်တိုင်း စီးကရက်မသောက်ချင်အောင် ဆိုပြီးလွှာ့ကို ပါးလာနမ်းလိုက်..နှုတ်ခမ်းလာနမ်းလိုက်နဲ့ လွှာ့တကယ်စိတ်ကုန်နေပြီဖြစ်သည်..ဒီလောက်ယွထရလား..

"လွှာကလဲ မောင်ကစီးကရက်တွေအစား လွှာ့နှုတ်ခမ်းတွေနဲ့ စိတ်ငြိမ်အောင်လုပ်နေရတာလေ.."

တတ်လွန်းရန်ကော ဟူအကြည့်ဖြင်ဘသာကြည့်လိုက်ပြီး ကိုယ့်အလုပ်ကိုအာရုံပြန်စိုက်နေလိုက်သည်

"လွှာ ဘာလုပ်နေတာလဲ"

"ထူးဆန်းလို့ ပုဂ္ဂလိက တက္ကသိုလ်ကျောင်းကြီးတစ်ခုက ငါ့ကိုဆက်သွယ်လာတယ်...အလုပ်ခန့်ချင်လို့တဲ့ ထူးဆန်းနေသလိုပဲ.."

"ဘာကထူးဆန်းတာလဲ လွှာရယ် လွှာ့လိုတော်တဲ့ထက်မြက်တဲ့လူတစ်ယောက်ကို သူတို့အလုပ်မခန့်ချင်ဘဲနေပါ့မလား.."

"ထူးဆန်းတာပေါ့ ငါကနာမည်ပျက်ထားတာလေ ဘာလို့သူတို့က ငါ့ကိုအလုပ်ခန့်ချင်တာလဲ ​ပိုပြီးထူးဆန်းတာက ငါ့ Emailကိုသူတို့ဘယ်လိုသိတာလဲ"

လွှာ့စကားကြောင့် လနက် မျက်ခုံးပင့်မိသွားသည် ဒီတစ်ချက်ကိုသူမေ့သွားတာပဲ...

"အာ...အခုခေတ်မှာ လူတစ်ယောက်ရဲ့profileကလွယ်လွယ်ရှာလို့ရနေတာပဲ ဘာလို့အတွေးလွန်နေတာလဲ"

"မင်းလား..."

"မဟုတ်တာကွာ မောင်ကဘာလို့လုပ်ရမှာလဲ မောင့်အတွက်တော့ လွှာကမောင့်အနားရှိလေပိုကောင်းလေပဲ"

လနက် ပြောတော့မှ လွှာက ပါးစပ်လေးမဲ့ကာ laptopကိုအာရုံပြန်စိုက်နေသည်..

"လွှာ လက်ခံမှာလား.."

"စဥ်းစားအုန်းမယ်"

"အင်းပါ..လွှာ့သဘောရှိသာလုပ် မောင်အလုပ်သွားတော့မယ် "

"အင်း.."

လွှာက အင်းတစ်လုံးသာပြောပြီး တက္ကသိုလ်တစ်ခုရဲ့ပုံတွေကို အာရုံစိုက်နေလေသည်..လနက် သွားမလို့ပြင်ပြီးမှ လွှာ့အနားပြန်ထိုင်လိုက်သည်..

"အင်း?ဒါပဲလား"

"ဟ မဟုတ်ရင်ငါကဟင့်အင်းလို့ပြောရမှာလား"

PERFECTNơi câu chuyện tồn tại. Hãy khám phá bây giờ