Uni....
"ကို ရဒါလှလား..."
သတို့သမီးလောင်းလေးရဲ့ အမေးကို လှိုင်း သဘောတကျ ပြုံးကာဖြေလိုက်တယ်
"သိပ်လှတာပေါ့ တစ်ခါမှ ဒီလောက်လှတဲ့ သတို့သမီးမျိုး မတွေ့ခဲ့ဖူးဘူး"
တကယ်ပါ အိမ့်ရဒါ ဆိုတဲ့ အမျိုးသမီးလေးဟာ မြင်သူရင်အေးစေလောက်အောင်လှတဲ့ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်...
ဆရာဝန်တစ်ယောက်ဖြစ်သည့်အလျောက် ဖော်ရွေပြီး သနားကြင်နာတတ်တဲ့ မိန်းမသားတစ်ယောက်လဲဖြစ်သည်...."ကိုကလဲ မြှောက်လွန်းနေပြီ ရဒါမြောက်တက်သွားလို့ ကို လက်ထပ်စရာသတို့သမီး မရှိဘဲနေပါအုန်းမယ်"
"ကိုရော ရဒါလိုမြောက်တက်ပြီးလိုက်ခဲ့မှာပေါ့"
ပြင်ဆင်ပြီးသွားပြီဖြစ်သည့် သတို့သမီးလေးအား လာရောက်ရှုစားရင်း ကျီစယ်နေကြခြင်းဖြစ်သည်
တစ်နာရီလောက်အလိုမှာ မဂ်လာပွဲစတော့မှာဖြစ်သော်ငြား လှိုင်းတစ်ယောက်ကတော့ သတို့သမီးလောင်းလေးနားမှာ ဝဲနေတုန်း.....အိမ့်ရဒါဆိုတဲ့ မိန်းကလေး၏ မိဘများနှင့်လှိုင်းမိဘတွေက ငယ်ကတည်းက ရင်းနှီးကြသူတွေဖြစ်သည် အရွယ်ရောက်တော့ စေ့စပ်ကြောင်းလမ်းမှုတွေပြုခဲ့ကြသည်.. ချစ်တယ် ကြိုက်တယ် မဟုတ်သော်ငြား သံယောဇဥ်တို့ကြောင့် စေ့စပ်ပွဲကို နှစ်ယောက်လုံးလက်ခံခဲ့ကြသည်....လှိုင်းကတော့ အိမ့်ရဒါအား မည်သို့သဘောထားမှန်းကို်ယ်တိုင်မသိပေမယ့် သူမအား သူ့ဇနီးမယားအဖြစ်သတ်မှတ်ဖို့ ငြင်းစရာမရှိ...သေချာသိတာတော့ အိမ့်ရဒါအား သူလက်မလွှတ်နိုင်ပါ...
"အင်းးးဒါပေမယ့်ကိုက ဘာမှလဲမပြင်ဆင်သေးဘဲ"
"ကို့လို ယောက်ျားလေးက ဘာပြင်စရာလိုမှာလဲ ရဒါရဲ့ ရဒါသာ အလှဆုံးသတို့သမီးလေးဖြစ်နေရမှာ"
"ပွဲစဖို့မလိုတော့ဘူးလေ ကိုရဲ့သွားပြင်ချေတော့ နောက်ကျနေမယ်..."
"ဟုတ်ပါပြီ ဒါဆိုကိုသွားပြီနော်"
"အင်းအင်း.."
ထွက်သွားသူ၏ ကျောပြင်အားကြည့်ပြီး
အိမ့်ရဒါ ပြုံးမိသည် အချိန်တော်ကြာ ချစ်ခဲ့ရတဲ့သူက ကိုယ့်အပိုင်ဖြစ်လာတော့မယ် ဆိုတဲ့ ပီတိကဘာနဲ့မှလဲမရပေ....ဥပဓိရုပ်လဲတည်ကြည်ပြီး ရိုးသားကြိုးစားတဲ့ လှိုင်းသဝဏ်လွှာ ဆိုတဲ့အမျိုးသားကို သူဘယ်လောက် မြတ်နိုးခဲ့ရလဲ သူသာအသိဆုံးပါ..

ESTÁS LEYENDO
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~