Uni...
"အားးးးးးး"
သံရှည်ကြီးဆွဲလိုက်ပြီး အကြောဆန့်လိုက်သည်...ထမလို့လုပ်လိုက်ပေမယ့် ချာချာလည်အောင်မူးဝေလာတဲ့ ခေါင်းကြောင့် ခေါင်းကိုကိုင်ပြီး အသာလေးပြန်လှဲလိုက်ရသည်..
"ဟူး...သေတော့မလိုဘဲ ဒီလောက်ထိတောင်မူးရလား"
ကိုယ့်ကိုယ်ကိုယ်ပြစ်တင်စကားပြောလိုက်ပြီးနောက် ကြိုးစားကာ ထထိုင်လိုက်သည်..
ဘယ်ညာကြည့်တော့လဲ လနက်ကသူ့အနားရှိမနေပါ..ထသွားပြီထင်ပါရဲ့. အင်းလေ နေတောင်မြင့်နေပြီကို..
"ညကငါမူးနေခဲ့တာ ဒါဆိုငါ..ငါဒီကိုဘယ်လိုရောက်နေတာ.."ကိုယ့်အခန်းကိုယ်ပြန်ရောက်နေတဲ့ လှိုင်းကဝေခွဲမရစွာပြောပြီး ညကအဖြစ်အပျက်တွေကို အလူးအလဲစဥ်းစားနေသည်...
"ကျစ် ဘာတွေဖြစ်ကုန်..ဟာ.."
လှိုင်းအတော်လေး လန့်ထိတ်သွားသည် သူခု အဝတ်စားတွေ ဝတ်မထားဘူး သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း ဆွံ့အနေမိသည် တပြိုင်တည်းမှာပဲ အောက်ပိုင်းကိုခြုံထားတဲ့စောင်ကို ဖယ်ဖို့ကိုလဲ ထိတ်လန့်နေခဲ့တယ် သူစိတ်လှုပ်ရှားခြင်းတွေရော ရှက်ရွံခြင်းတွေရောပေါင်းပြီး သူအမြန်ဆွဲဖယ်လိုက်သည်..
"ဟူး တော်သေးတာပေါ့ "
အောက်ပိုင်းတွင်တော့ အဝတ်တွေရှိနေတာကြောင့် လှိုင်းပေါ့ပါးစွာသက်ပြင်းချလိုက်သည်..
လေးလေးလံလံပဲထလိုက်ပြီး အဝတ်တွေကိုရှာပြီးပြန်ဝတ်လိုက်သည်..ပြီးတော့မျက်နှာသစ်သန့်စင်ပြီး အခန်းပြင်ထွက်လာခဲ့သည်..."လနက်..လနက်!!!
ရှိမလားလို့်အော်ခေါ်ကြည့်ပေမယ့် ပြန်ဖြေသံမကြားရတာကြောင့် မရှိမှန်းသဘောပေါက်လိုက်သည်..
"ဘယ်သွားတာလဲ ဟမ် မဟုတ်မှလွဲ သူအလုပ်သွားတာများလား..မဖြစ်နိုင်တာ သူတကယ်အလုပ်မလုပ်လောက်ဘူး"
ခေါင်းရမ်းငြင်းဆန်ပြီး မီးဖိုချောင်ဆီဦးတည်လိုက်သည်..သူအခုဗိုက်လဲဆာနေတဲ့အပြင် မူးနာကျတာပျောက်ဖို့ ဆေးသောက်ရမည်ဖြစ်သည်...
"လနက်...လနက်!!!
မီးဖိုခန်းမှာရောရှိမနေတာကြောင့် လှိုင်းမသိစိတ်ထဲက အနည်းငယ်စိတ်ပျက်မိသွားသည် ..
ထပ်ခေါ်မနေတော့ဘဲ ထမင်းဝိုင်းဆီပဲသွားလိုက်သည်..တစ်ခုခုစားစရာများရှိနေမလားပေါ့..မျှော်လင့်ထားတာတော့မဟုတ်ပေမယ့် သိချင်စိတ်ကတော့ပြင်းပြနေသည်...
YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~