Uni...
"လွှာ သူကဘယ်သူလဲ!
အနည်းငယ်မာထန်သောလေသံဖြင့် မေးလာသည်ကြောင့် လှိုင်းသူပြသည့်ပုံအားကြည့်လိုက်သည်..ဖုန်းGalleryပုံမှာ စာကြည့်တိုက်တစ်ခုအတွင်း နီးကပ်ကာ ပြုံးနေကြတဲ့ ကောင်လေးနှစ်ယောက်...တစ်ယောက်ကလှိုင်းဖြစ်ပြီး နောက်တစ်ယောက်က.......
"မင်းငါ့ကို stalkနေတာလား"
"စကားလမ်းမလွှဲနဲ့ လှိုင်းသဝဏ်လွှာ မေးနေတာသူကဘယ်သူလဲ ဘာလို့သူနဲ့ဒီလောက်နီးကပ်ပြီး ဒီလောက်ရယ်နေရတာလဲ"
ပုံမှန်ထက် ပိုကျယ်သော အသံနှင့်မာထန်သောစကားသံတွေက လှိုင်းကိုပိုပြီး စိတ်ညစ်စေသည်
"မင်းငါ့ကို stalkနေတာပဲ..ဒါတောင်မသိဘူးလား.."
"လှိုင်းသဝဏ်လွှာ ကျုပ်ကိုမစမ်းနဲ့"
"အစွမ်းအစရှိရင် မင်းဘာမင်းစုံစမ်းလေ..!
ဖျစ်ညှစ်ခံထားရသည့် ပါးနှစ်ဖက်က နာကျင်နေသည့်တိုင် လှိုင်းမခံမရပ်နိုင်စွာပြန်ပြောခဲ့သည်..သူကလှိုင်းကို မျက်တောင့်နီကြီးဖြင့် စူးစိုက်ကာကြည့်နေသည်..အကြည့်တွေကချက်ချင်းမပျောက်သွားဘဲ အတော်ကြာ လှိုင်းမျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်..အချိန်ကြာသည်နဲ့အမျှ ဖျစ်ညှစ်ခံထားရသည့် မျက်နှာတွင် အားပိုသန်လာတာမို့ သည်းမခံနိုင်လောက်အောင် နာကျင်လာရသည်..
"လှိုင်းသဝဏ်လွာ ကျုပ်ကိုပိုပြီးဒေါသထွက်အောင်မလုပ်နဲ့နော်!!
"အာ့..လွှတ်."
လှိုင်း ထပ်ပြီးတောင့်မခံနိုင်တော့တာကြောင့် မျက်နှာထက်က လက်တွေကို အတင်းဆွဲပြီးရုန်းနေရသည်..ထိုအခါ သန်မာလှသောလက်တို့က အနည်းငယ်ပြေလျော့သွားပြီး မျက်နှာပေါ်မှဖယ်ခြင်းတော့မရှိပေ..
"ပြော..သူကဘယ်သူလဲ..ဘာလို့သူနဲ့ဒီလောက်နီးနေတာလဲ..ဘာလို့ဒီလောက်ရယ်နေခဲ့တာလဲ!!
"မင်းငါ့ကိုဒီလောက်ထိတောင်ယုံမပေးတဲ့အပြင် နာကျင်အောင်ပါလုပ်သေးတယ် ဟက် ချစ်တယ်တဲ့လား"
လှိုင်း ရယ်သံနှော၍ မထီသလိုပြောတော့ လနက်ရဲ့အကြည့်တို့က အနည်းငယ်လျှော့သွားပြီး လက်တွေကိုလဲ လွှတ်ပေးလာသည်.

YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~