Uni....
"ခင်ဗျားကို လှိုင်းသဝဏ်လွှာဆိုတဲ့ ခင်ဗျားကို ပိုင်ဆိုင်ချင်တယ် လူကိုမဟုတ်ဘူး ခင်ဗျားရဲ့စိတ်ကို.. Perfectဖြစ်ချင်တယ်..ခင်ဗျားနဲ့..လိုက်ဖက်ချင်တယ်.. ခင်ဗျားနဲ့..ပြီးတော့ ဖြစ်ချင်တယ် ခင်ဗျားရဲ့မူပိုင် "
"ဟမ်..."
ပြောစကားကိုနားလည်ပါရက်နဲ့အူကြောင်ကြောင်လုပ်နေတဲ့ကလေးအိုကတကယ့်ကိုင်ပေါက်ပစ်ချင်စရာ....
"ခင်ဗျားသိပါတယ် ကျုပ်ခင်ဗျားအပေါ်ဘယ်လိုစိတ်ရှိနေမှန်း...."
"ငါမသိဘူး"
ဘူးခံငြင်းကာ ထွက်သွားတော့မည့်လူ၏လက်ကိုဆွဲကာ ကုတင်ပေါ်ထိုင်ခိုင်းလိုက်သည်
"လွှာ ကိုယ်အတည်ပြောတာ ကိုယ်တကယ်ချစ်မိနေတာ"
"ဖြစ်တတ်ပါတယ် မင်းကငယ်သေးလို့ ချစ်တာနဲ့အပျော်ကိုမခွဲတတ်သေးတာ"
ရုပ်တည်ကြီးနဲ့ပြောနေတာကြောင့် လနက်မှာ အကြံအိုက်သွားရလေတော့သည်....
"မဟုတ်ဘူးလေ "
"ဟုတ်တယ် မင်းက သံယောဇဥ်ဖြစ်တာ..ဒါကြောင့် ငါနဲ့နေရတာကိုပျော်တယ်လို့ခံစားမိပြီး ဒါကိုအချစ်လို့ခေါင်းစဥ်တပ်လိုက်တာ အပျော်ပဲလေ ဘယ်လောက်ကြာမှာလဲ ခဏနဲ့ပျောက်သွားလိမ့်မယ်"
"ဟ မဟုတ်ဘူးလေကွာ ကိုယ်ကလွှာနဲ့နေရတာ ပျော်တိုင်း ချစ်တယ်ပြောတာမဟုတ်ဘူး ချစ်နေလို့လွှာနဲ့နေရတာကိုပျော်တာ..."
"မဟုတ်တာ....."
မျက်နှာတစ်ပြင်လုံးရော နားရွက်တွေပါနီရဲနေသော လွှာက ထစ်ငေါ့စွာငြင်းရင်း လနက်ဆုပ်ကိုင်ထားတဲ့လက်တွေကိုအတင်းရုန်းနေလေသည်...
"ကိုယ်နားလည်တယ် ခင်ဗျားအခုချိန်မှာ ကိုယ့်ကိုမယုံကြည်နိုင်သေးဘူးဆိုတာ...ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ့်ကိုနာကျည်းနေမှန်း"
"ငါမင်းကိုမနာကျည်းဘူး မယုံနိုင်တာလေးဘဲ အချိန်တိုလေးအတွင်းမှာ မင်းမုန်းတဲ့ငါ့ကိုချစ်မိသွားနိုင်တယ်ဆိုတာက ယုံရခက်တယ်..."
"ခင်ဗျားကိုဘယ်တုန်းကမှမမုန်းဖူးဘူး "
"မမုန်းဘဲဘာလို့ခုလိုတွေလုပ်ခဲ့လဲ...."

ŞİMDİ OKUDUĞUN
PERFECT
Romantizmကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~