Uni..
"နေပူပါတယ်ဆို all black နဲ့ ...တစ်ကိုယ်လုံးလောင်သွားချင်လို့လား"
ဆက်တီပေါ်ထိုင်ရင်း လနက်အား နှာခေါင်းလေးရှုံ့ရင်း ဝေဖန်လာသော ချစ်သဝဏ်လွှာလေး...
စကားတစ်ခွန်းပြောတိုင်း အချစ်ပိုရတယ်ပြောရင် ယုံမှယုံပါ့မလားလေ..."အနက်ရောင်ကမှ styleကျတာလေ လွှာရဲ့"
"မင်းပြောချင်တာ ငါကStyleမကျဘူးလို့လား"
မလိုက်ချင်ဘဲ အတင်းခေါ်ထားတာကို စိတ်ထင့်နေတယ်ထင်ပါရဲ့.ဘောက်ဆတ်ဆတ်လေးနဲ့...ရှက်လက်ရှည်အဖြူလေးနဲ့ခဲရောင် pantလေးကိုတွဲဝတ်ထားသည့် သူ့ကိုယ်သူ မျက်စပစ်ပြရင်းပြောလာသည်..
"မဟုတ်ဘူးလေကွာ "
"တော်စမ်းပါ..မင်းသာအသိဆုံး မင်းသာအတတ်ဆုံး မင်းသာအမိုက်ဆုံး..မင်းကသာ ဆရာကြီးပါ...မင်းပြောသလို တစ်တွေမသိမ်းလိုက်နာပါ့မယ်..နော်..အခုရော all black ပြန်သွားဝတ်လိုက်ရမလား"
ရွဲ့သလိုပြောလာသူကြောင့် လနက်မှာ ငိုရမလို. ရယ်ရမလို..သူ့ကလေးအိုလေးက အပြင်ထွက်ရမှာကို အတော်လေးသဘောမကျပုံရပါသည်..
"မောင်မှားပါတယ် လွှာရယ်..မောင်ဆိုလိုတာအဲ့သဘောမဟုတ်ပါဘူး"
"မင်းဘာမင်း ဟုတ်ဟုတ် မဟုတ်ဟုတ်"
ဘောက်ဆတ်ဆတ်လေးပြောပြီး ထွက်သွားသောသူ..သူခြေတစ်လှမ်းလှမ်းတိုင်း ကိုယ့်အချစ်တွေ တစ်စတစ်စစီ ပါပါသွားနေတာ.
"ကျစ်...မာယာများလိုက်တာကွာ!
သူကမာယာသုံးမနေပေမယ့် ကိုယ်ကအလိုလို မာယာကျော့ကွင်းမိနေတာပါလေ..ဆွဲငြို့တတ်လိုက်တာများကွာ..
.
.
.
"လနက် ငါ cake စားချင်တယ်""ဘာ !
ကားမောင်းနေသော လနက်က ဒေါသတကြီး
အော်လိုက်တာကြောင့် လှိုင်းအနည်းငယ်တော့ ဘဝင်မကျ..*ဘာတုန်းဟ*
"လွှာ လွှာကအခုCake ဆိုင်သွားမှာလား...Sushi စားဖို့သွားမှာလား..မောင့်ကိုသေချာပြော"
"အမ်...."
လနက်စကားကြောင့် လှိုင်းက ကြောင်တောင်တောင်လေးဖြစ်သွားသည်ကို လနက်က စိတ်မရှည်စွာကြည့်နေလေသည်..

YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~