Uni....
"လွှာရေ..မနက်စာစားမယ်လေ"
လနက်လှမ်းခေါ်နေပေမယ့် လွှာကပြန်မဖြေသည့်အပြင် အခန်းထဲမှထွက်မလာ..လနက် သက်ပြင်းလေးချရင်း အခန်းထဲလိုက်ဝင်သွားလိုက်ရသည်..အခန်းထဲတွင်တော့ လွှာက ဖုန်းကိုကြည့်ရင်း မျက်နှာငယ်လေးဖြစ်နေသည်...
"လွှာ ဘာဖြစ်တာလဲ..မနက်စာစားမယ်လေ"
"အင်း..လာပြီ..လာပြီ"
လနက်အသံကြားမှ သတိပြန်လည်လာသလို ကြောင်တောင်တောင်ဖြစ်သွားပြီး လနက်ဆီပြေးလာလေသည်..
"ဘာဖြစ်နေတာလဲ"
"ဗိုက်ဆာနေတာ"
လက်ကိုဆွဲကာ အပြင်ကိုခေါ်ထုတ်နေသူကြောင့် လနက် သင်္ကါမကင်းမေးတော့ လွှာက တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေသည်..
"လွှာကလဲ..."
"လွှာကမလဲဘူး..လာစမ်းပါ..ဗိုက်ဆာနေပြီ"
လနက်လဲ ကုတင်ပေါ်က ဖုန်းကိုအကြည့်ဖြတ်ပြီး လွှာဆွဲခေါ်ရာလိုက်ခဲ့ရတော့သည်...လူကလွှာ့ဆီရောက်နေပေမယ့် စိတ်ကတော့ ကုတင်ပေါ်ကဖုန်းဆီသာရောက်နေခဲ့သည်..
*လွှာကဘာတွေကြည့်ပြီး ဒီပုံစံဖြစ်နေရတာလဲ*
"ဟာ...အုန်းနို့ခေါက်ဆွဲ..ကြိုက်တယ်..ကျေးဇူးလနက်"
လနက် ပြုံးပြ၍သာတုံ့ပြန်လိုက်သည်..
"တစ်နေ့တခြား မင်းလက်ရာပိုကောင်းလာတာပဲ"
အားရပါးရစားရင်းပြောလာသည့်လွှာ့ နှုတ်ခမ်းတွင်ပေသည်များကို သုတ်ပေးရင်း လွှာ့ကိုသေချာအကဲခတ်လိုက်သည်..
"ဘာလဲ ဘာလို့လူကိုလာကြည့်နေတာလဲ.."
"လွှာတစ်ခုခုဖြစ်နေလားလို့..စောနားကတည်းကတစ်မျိုးဖြစ်နေတာ"
လနက် မေးလိုက်တော့ စားနေတာရပ်သွားသည့် လွှာ..မျက်လုံးတွေက ဂနာမငြိမ်ဖြစ်နေပြီး တစ်ခုခုကိုဝေခွဲနေဟန်. ။
"ပြော..မောင့်ကိုပြော..ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးကွာ..မင်းအတွေးလွန်နေတာ.."
"မပြောရင် ဒီနေ့ဘယ်မှမသွားရဘူး"
Uni သွားရမည်ဖြစ်သည့် ပါမောက္ခကြီးအား ခြိမ်းခြောက်ကာပြောတော့ မျက်နှာပျက်သွားလေသည်..
YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~