Uni...
"မင်းးမင်းဘာလာလုပ်တာလဲ"
ထိုသို့မေးတော့မှ မျက်တောင်မခပ်တမ်းကြည့်နေတဲ့ လူယုတ်မာလေးက အသိစိတ်ဝင်လာတာတော့သည်. လှိုင်းလဲ တံခါးနောက်တွင် ကိုယ်လုံးကိုကွယ်ထားလိုက်ပြီး ခေါင်းလေးသာဖော်၍ သူ့အားမေးနေရသည်...
လှိုင်းကအခုဘောင်းဘီတော့ဝတ်ထားပေမယ့် အပေါ်ပိုင်းကဗလာကျင်းနေသည်..ယောက်ျားချင်းပေမယ့် သူ့သဘောထားကိုသိနေတာမို့ အနေခက်ရသည်.."ရေပိုက်ပျက်နေတဲ့ပုံပဲ..ရေမလာလို့.အ့တာဒီမှာရေချိုးမလို့..."
"အော်..အ့လိုလား ငါချိုးမလို့လုပ်နေတာ ဒါပေမယ့် မင်းအရင်ဝင်ချိုးလိုက်ပါ..ခဏနော်"
လှိုင်းသူ့အဖြေကိုမစောင့်တော့ဘဲ အခန်းထဲအမြန်ပြန်ဝင်ကာ စောနားကချွတ်လိုက်သည့် အင်္ကျီတို့်ကိုပြန်ဝတ်.ပြီးမှတံခါးပြန်ဖွင့်ရသည်..ထိုအချိန်ထိ သူကတံခါးရှေ့မှာရှိနေတုန်းပဲ...
"ဝင်ခဲ့... "
သူဝင်လာတော့မှ လှိုင်းလဲသူ့ကိုသေချာကြည့်မိတော့သည်..သူလဲ အပေါ်ပိုင်းအဝတ်မပါဘူး အောက်ပိုင်းကလဲ ပုဝါပတ်ထားတာ လုံတယ်ဆိုရုံတင်...
"ခင်ဗျားအရင်ချိုးလိုက်ပါ ကျုပ်စောင့်နေမယ်"
"ရပါတယ် မင်းအရင်ချိုး"
"ခင်ဗျားစောင့်နိုင်မှာလား ကျုပ်ရေချိူးတာကကြာတယ် ရေပဲချိုးတာမဟုတ်ဘူးလေ"
လနက်ရဲ့စကားကြောင့်လှိုင်းထူပူသွားသည်..ယောက်ျားချင်းမို့ ဒါဘာကိုဆိုလိုမှန်းလှိုင်းနားလည်ပါသည်..ဒါပေမယ့် ဒီလောက်အရှက်မဲ့ရသလား...
"မင်း..ဘာတွေပြောနေတာလဲ "
"ဟ ဟုတ်တယ်လေ ကျုပ်ပြောတာမှားလို့လား...ကျုပ်ကဒီလိုလက်သမားပဲလုပ်ရမှာပေါ့..ယူထားတဲ့ယောက်ျားကလဲ အလုပ်အခံဘူးကို..."
"ခွေးကောင် လူယုတ်မာ...!!!!သွား..အခုငါ့အိမ်ကထွက်သွားစမ်း အရိုင်းစိုင်းကောင်!!
"ဟားးးဟားးးးဟားးးတကယ့်ကလေးအို"
လှိုင်းဒေါသတကြီး ေအာ်ချပစ်သော်လဲ ထိုလူယုတ်မာက တဟားဟားရယ်ပြီး ရေချိုးထဲဝင်သွားလေသည်..လှိုင်းအခုတစ်ကိုယ်လုံးနီရဲပြီး တဆတ်ဆတ်တုန်နေလေတော့သည်...
တကယ့်အရိုင်းအစိုင်း....
လှိုင်း စိတ်တွေတိုနေရင်းနဲ့ပဲ ကုတင်ပေါ်ထိုင်ကာ ဟိုလူယုတ်မာကိုထိုင်စောင့်နေရသည်.
.တကယ့်ကိုအကြာကြီးစောင့်နေရတာပဲ
သူတကယ် ငါ့ရေချိုးခန်းမှာ...

YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~