Ep 1

53.8K 910 39
                                    

Uni......

ထိန်ထိန်သာနေတတ်တဲ့ လမင်းကြီးက
ဒီကနေ့မှာ အနက်ရောင်အသွင်ကူးပြောင်းနေတယ် ခြောက်ခြားစရာကောင်းတဲ့ လနက်ကြီးရဲ့ အရိပ်က ရေလှိုင်းတွေပေါ်မှာ ပေါ်တစ်ချက်ပျောက်တစ်ချက်....ပုတ်ခတ်နေတဲ့ ရေလှိုင်းတွေက နိမ့်ချည်မြင့်ချည်ဖြင့် ခြောက်​ခြားဖွယ်ညကို အသံဖြင့်တစ်ဖုံ အသွင်ဖြင့် တစ်ဖုံ..ပိုမိုသဲထိတ်ရင်ဖိုဖြစ်စေရန် ထောက်ပံ့ပေးလို့နေသည်..သို့သော်ငြား..သဘာဝတရားအဖြစ်ခံစားကြည့်မိလျင် အနက်ရောင်လ၏လွှမ်းခြုံမှုအောက်တွင် သံစဥ်ကဲ့သို့ လှုပ်ရှားနေသည့် ရေလှိုင်းတို့သည် အကြည့်လွှဲရက်ချင်စရာမရှိ...
အင်းးးအခုလိုကျတော့လည်း လနဲ့လှိုင်းတို့က လိုက်ဖက်နေသလို.....

/////////////////////////

ကားပေါ်မှပင်မဆင်းရသေး..လှမ်းမြင်နေရသည့် အနက်ရောင်လူသားကြောင့် လှိုင်းခြေချရန်ပင် စိတ်လေးနေမိသည်... တစ်နေ့ပြီးတစ်နေ့ မရိုးရအောင် ပုံစံမျိုးစုံနဲ့ရောက်လာတတ်ပြီး အရေးမပါတဲ့စကားမျိုးစုံကိုပြောတတ်သည်...ကိုယ်က ဆရာတစ်ယောက်ဖြစ်နေသည့်အတွက်ကြောင့် ကိုယ့်တပည့်အရွယ် ကောင်လေးတစ်ယောက်ကို တု၍မပြောချင်ပါ...ဆိုဆုံးမလိုက်ဖို့ကလဲ ကိုယ့်ရဲ့တပည့်တွေလိုမဟုတ်သည့်အပြင် ကိုယ်နဲ့လဲမရင်းနှီး...

တွေးရင်း နဲ့ပင် ထိုကောင်လေးအနား ရောက်ပေတော့မည် ကွေ့ပတ်သွားရအောင် ဝင်ပေါက်ကဒီတစ်ပေါက်တည်း... မြန်မြန်ပြေးသွားတော့လဲ သူကလိုက်ဖမ်းလို့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ေကျာင်းသားတွေရှေ့ အရှက်ကွဲခဲ့ရသေးသည်....

"ဟေ့ ဦးလေးကြီး ကျုပ်ကိုကြည့်မသွားတော့ဘူးလား "

မသိသလိုလာခဲ့တော့ လှမ်းအော်တော့သည် ကျောင်းသားတွေကလဲ ကွက်ကြည့်ကွက်ကြည့်...လှိုင်းသက်ပြင်းချပြီး သူ့အနားသွားလိုက်သည်...

"ဒီမှာ ကောင်လေး မင်းဘာတွေဖြစ်ချင်နေလဲ ကိုယ်မသိဘူး ကိုယ့်အနားမှာ ရစ်သီရစ်သီလုပ်နေတာတွေရပ်ပါ ဒီလိုတွေလုပ်နေတာက ကိုယ့်ရဲ့imageကိုလဲ ထိခိုက်စေတယ် ဒီက ကျောင်းသားတွေကိုလဲ အနှောင့်အယှက်ဖြစ်စေတယ် ဒီတော့ မင်းဖြစ်ချင်တာကို ရိုးရိုးရှင်းရှင်းပြောပြီး ကိုယ့်အနားကထွက်သွားပါ "

PERFECTWhere stories live. Discover now