Uni....
"လနက်ရာဇသံ မင်းဘာတွေလုပ်နေတာလဲ ကိုယ့်ကိုယ်ရောသိသေးရဲ့လား"
လနက်ရဲ့ရုံးခန်းအထိ ရောက်လာကာ အပေါက်ဝတင် အော်ကာပြောသည့် မာတာမိခင်..
"ကျွန်တော်ဘာလုပ်လုပ်အကြောင်းပြချက်ရှိတယ်"
"ပေါက်ကရမပြောနဲ့ လှိုင်းကိစ္စ မင်းဒယ်ဒီကိုဘာတွေပြောလိုက်တာလဲ မင်းနောက်လိုက်တာမလား"
"ကျွန်တော်သူ့ကိုချစ်တယ် သူခွင့်လွှတ်သည့်အထိ သူ့ကိုတောင်းပန်ပြီး သူလက်ခံလာအောင်လုပ်မှာ"
လနက် လေးလေးနက်နက်ပြောတော့ အမေက ခေါင်းခါလျက်စုတ်သပ်သည်..
"မာမီ သူ့ကိုကတိပေးထားတယ် ဒီတစ်လပဲလို့...မင်းအခုလိုတွေလုပ်မနေနဲ့တော့ သူ့ကိုဒုက္ခမပေးချင်ပါနဲ့တော့ နော် သား မာမီ ညနေကျ အမေကွာရှင်းစာချုပ်ယူခဲ့မယ်"
"ကျွန်တော်သူနဲ့ကွာမှာမဟုတ်ဘူး သူလက်ခံလာအောင်စောင့်မှာ သိပ်တော့မကြာလောက်တော့ပါဘူး"
"သား လနက်ရာဇသံ မာမီ့ကိုမသနားဘူးလား မာမီကြားကနေမျက်နှာပျက်မှာလေ သူ့ကိုဘာလို့အလွတ်မပေးချင်ရတာလဲဘာလို့ မျက်မုန်းထားနေရတာလဲ"
"မဟုတ်ဘူးမာမီ သူ့ကိုကျွန်တော်ချစ်လို့အနားခေါ်ထားချင်တာပါ"
လနက်စကားကြောင့် မာမီက လနက်အား မယုံသင်္ကါကြည့်ရင်း.
"မင်း မဟုတ်မှ လက်ထပ်ပေးတာကိုမငြင်းခဲ့တာ အခုလိုတွေလုပ်ချင်လို့လား"
"ကျစ် ဟာကွာ ကျွန်တော်ကိုယ့်စိတ်ကိုယ်နားလည်တာမကြာသေးဘူး သူ့ကိုလဲ ဝန်ခံထားပြီးပြီ သူကလဲ စဥ်းစားမယ်ပြောတယ်"
"မင်းကြောင့်နေမှာပေါ့ ဘယ်လိုတွေအကျပ်ကိုင်လဲမသိတာကို..ဒီလိုလုပ် ညနေကျမာမီလာခဲ့မယ်..သူ့သဘောထားကို အသေချာမေးမယ်...သူလက်မခံရင် သား အတင်းကျပ်ဖိအားမပေးရဘူး...လက်ခံရင်တော့ မာမီဝင်မပါတော့ဘူး ရတယ်မလား..."
"ဖြစ်တယ်"
ပြီး ပြီးရော ပြောလိုက်သည် မဟုတ်ရင်မာမီက ဇယားရှည်နေအုန်းမှာ..ဘာပဲပြောပြော အရာအားလုံး လွှာအပေါ်မှာပဲ မူတည်နေပြီ..လွှာလက်ခံမှာလို့ မောင်ယုံတယ်..လက်မခံလဲ မောင်ကလက်ခံလာအောင်လုပ်မှာ.လက်ခံခံမခံခံ လွှာကမောင့်အပိုင်...
.
.
.
.
"လွှာ ဘယ်ရောက်နေတာလဲ"
![](https://img.wattpad.com/cover/339179030-288-k375104.jpg)
ESTÁS LEYENDO
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~