Uni...
"လွှာ..!
အော်ခေါ်ပြီး အိမ်ထဲဒုန်းဆိုင်းဝင်လာသည့် လနက်ကြောင့် လှိုင်းTVကြည့်နေရာမှ မတ်တပ်ရပ်လိုက်သည်..
"လွှာ..ဘာလို့ အစောကြီး ပြန်တာလဲ..ဘာလို့မောင့်ကိုမစောင့်တာလဲ"
ဒီနေ့ လှိုင်း နောက်ဆုံးအချိန်လွတ်နေသည်မို့ အိမ်စောစောပြန်ခဲ့ခြင်းဖြစ်သည်..လနက်ကိုမပြောတာက သူလဲသူ့အလုပ်သူရှိနေခြင်းကြောင့်ဖြစ်သည်..Taxi နဲ့ပဲပြန်မယ်လုပ်ကာမှ လမ်းမှာ ရဒါနဲ့တွေ့ခဲ့ခြင်းဖြစ်သည်..ရဒါက အတူလိုက်ခဲ့ဖို့ခေါ်တာကြောင့် လိုက်သွားရင်းမှ နှစ်ယောက်သား cafe တစ်ခုတွင် အေးဆေးစကားတွေပြောခဲ့ကြသေးသည်....အဲဒီစကားတွေမှာ အများဆုံးနေရာယူထားတာကတော့ သူ့ရှေ့က ဒေါသအိုး လနက်အကြောင်းတွေသာ...
"ငါ အချိန်လွတ်နေတာနဲ့ ပျင်းလို့အိမ်ပြန်လိုက်တာ..မင်းလဲ အလုပ်လုပ်နေတာမလို့ မခေါ်လိုက်တာ"
"လွှာ့ ယောက်ျားမောင့်ကိုမခေါ်ဘဲ အဆက်ဟောင်းကြီးကိုခေါ်တယ်ပေါ့လေ"
လှိုင်းမအံ့သြတော့ပေ..လနက်ကြိုသိနေမှာ မှန်းဆထားပြီးသား..
"လမ်းကြုံတာပါကွာ.."
"ဖြစ်ရမယ်...တော်တော်လဲတိုက်ဆိုင်တာပဲနော်"
"အင်း..."
ရွဲ့ပြောနေသည်ကို အင်းလိုက်လိုက်တာကြောင့် လနက်မျက်နှာကပိုလို့မဲမှောင်သွားသည်..လှိုင်းလဲမသိချင်ယောင်ဆောင်၍သာ ပြန်ထိုင်နေလိုက်သည်..
"လွှာ..အဲ့မိန်းမနဲ့ထပ်တွေ့တာ ဒါနောက်ဆုံးဖြစ်ပါစေ"
"မဟုတ်တာ..ငါတို့ကရိုးရိုးသားသားပါ.."
"ဘာရိုးရိုးသားသားလဲ လွှာကရိုးသားနေရင်တောင် ဟိုမိန်းမကပြောမရဘူး မိန်းမတွေ ဘယ်လောက်မာယာများလဲ လွှာသိပါတယ်"
မဲ့ရွဲ့ကာ ဆိုလာသော စကားကြောင့် လှိုင်းမှာ ရယ်ရခက် ငိုရခက်ပေ...သူ့မောင်ရဲ့သံသယကကြီးမားလွန်းနေတာပဲ..
"ရဒါက တခြားမိန်းမတွေနဲ့မတူပါဘူး..သူနှင့်ငါကရိုးရိုးသားသားပဲ ဒါကြောင့် မင်းဘယ်လိုပဲကန့်ကွက်ကန့်ကွက်ငါကတွေ့မှာပဲ"

VOUS LISEZ
PERFECT
Roman d'amourကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~