Uni...
"လနက် ငါနောက်ကျတော့မယ် "
လှိုင်း မစိတ်ရှည်စွာလှမ်းအော်နေပေမယ့် သကောင့်သားကတော့ အခန်းထဲမှထွက်မလာသေးပေ...
"ပြီးပါပြီ လွှာရယ်"
အင်္ကျီလက်တွေကိုခေါက်တင်နေရင်းမှ အနားကိုလာပြီး ထမင်းဝိုင်းတွင်ဝင်ထိုင်လာသည်..
"မင်းဟာလေ အမြဲနှေးတုံ့နှေးတုံ့နဲ့ "
"ဟ လွှာ မောင် လွှာစားချင်တာချက်တာနဲ့တင် .တစ်မနက်လုံးရှုပ်နေတာ သူကျအခန့်သားထိုင်နေပြီး"
"မင်းပဲထိုင်နေဆို..ဘာလဲမင်းကအခုမှ ငြိုငြင်ချင်တာလား"
"မဟုတ်ပါဘူး ကျေးဇူးတင်တာပါ..လွှာကဘေးနားမှာထိုင်နေပေးလို့ မောင်မပင်ပန်းတာလေ...မောင့်လွှာလေးရောထိုင်ရတာပင်ပန်းနေပြီလား"
ခနဲ့တဲ့တဲ့ပြောသူအား ဂရုမစိုက်ဘဲ သူချက်ပေးထားတာတွေကိုသာ အရသာခံစားနေလိုက်သည်....
နန်းကြီးသုပ်လေးလုပ်ခိုင်းတာ ဒီလောက်အချိန်လိုလို့လား..."လနက် ငါကားယူသွားရမှာလား"
"မယူရပါဘူး မောင်ပို့မှာ"
အဖြေသိနေပြီးသားမေးခွန်းကို မေးလိုက်သော လှိုင်းသဝဏ်လွှာကသာ မှားတာပါ...ထပ်ပြီးလဲ ဇောဒကမတက်ချင် တက်ရင်လဲ အဖြေကမပြောင်းလဲမှာသိနေသည်မို့ သူစီမံရာ အငြိမ်လေးသာနေလိုက်ရတော့သည်..
.
.
"လွှာ ဂရုစိုက်နော်..""ကျစ်..သရုပ်ပျက်အောင်လုပ်မနေနဲ့ငါသွားပြီ အခုရောညနေရော ကားပေါ်ကလဲဆင်းမလာနဲ့ မင်းငါ့ကိုကတိပေးထားတယ်"
"သိပါတယ်ကွာ..လွှာ မောင်နေ့လည်လာကြိုမယ်လေ နေ့လည်စာတူတူစားရအောင်"
အသနားခံသလိုမျက်လုံးများဖြင့်ပြောနေသော လနက်သည် ဘယ်လောက်ထိရိုက်ပေါက်ထွက်နေမှန်းသူ့ကိုယ်သူမှသိပါလေစ..
"မရဘူး ငါကျောင်းကန်တင်းမှာပဲ စားလိုက်မယ်..ငါစာဖတ်စရာတွေရှိလို့ အချိန်မရဘူး"
"လွှာ..အဲဒီစာပဲအရေးကြီးတာလား..မောင်ကရော..မောင်ကအရေးမပါဘူးလား"
![](https://img.wattpad.com/cover/339179030-288-k375104.jpg)
CZYTASZ
PERFECT
Romansကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~