Ep 6

10.2K 331 1
                                    

Unicode....

"မဖြစ်နိုင်တာ"

လှိူင်း၏ဆရာမတစ်ဖြစ်လဲ လူယုတ်မာ၏အမေရဲ့စကားကို လှိုင်းငြင်းဆန်မိသည် ဘယ်လိုမှမဖြစ်နိုင်ပါ..ကိုယ့်မှာတော့ ကိုယ့်ဆရာမပဲဆိုပြီး ကိုယ့်ကိုလွတ်မြောက်ခွင့်ပေးမယ်ထင်ခဲ့တာ..အခုဟာက ကျားကိုကြောက်လို့ရှင်ကြီးကိုးတာ ရှင်ကြီးကျားထက်ဆိုးနေပါပေါ့လား..

"လှုိင်းရယ် ဆရာမလဲ မတတ်သာလွန်းလို့ပါ...အခုက စီးပွားပျက်သည်အထိဆိုးနေပြီလေ..သားကူညီပေးပါ ဆရာမသားအစားလဲ တောင်းပန်ပါတယ် "

"ကိုယ့်ဘက်ကိုလဲကြည့်ပေးပါအုန်း လက်ထပ်ရအောင် သူနဲ့ကိုယ်က ချစ်ကြိုက်နေကြတာလဲမဟုတ်ဘူး ပြီးတော့ ဒီပြဿနာတွေလဲ သူဖန်တီးတာပဲလေ.."

"သားရယ် ဆရာမကိုကူညီပေးပါ လက်ထပ်တာကလဲ အတည်ကြီးမဟုတ်လဲရပါတယ် နာမည်ဆိုးကိုဖုံးဖို့ပဲလေ သတင်းလေးနည်းနည်းလွှင့် သက်သေလေးပြပြီးရင်ရပါပြီ ပြီးရင် သားတို့ပြန်ကွာလိုက်လဲရတယ်လေ "

"လက်ထပ်တယ်ဆိုတဲ့စကားလုံးက ဒီလောက်ပေါ့ပျက်ပျက်ဆန်လို့မရဘူးလေ ပြီးတော့ ကိုယ်ကလဲ ယောက်ျားတစ်ယောက်ပါ လိင်တူယောက်ျားတစ်ယောက်နဲ့တော့ လက်မထပ်ချင်ဘူး..ကိုယ်ကဆရာတစ်ယောက်လဲဖြစ်သေးတယ် ဒါကိုယ့်ပတ်ဝန်းကျင်မှာ မျက်နှာမဖော်ရဲအောင်နေရမယ့် ကိစ္စ​ "

" သားကလဲ ဆရာတစ်ယောက်ဖြစ်နေတယ်မလား ဆရာတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ရှုပ်နေတယ်..အဲလိုသတင်းထက်တော့ တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိရှိ လက်ထပ်တဲ့သတင်းက ဝေဖန်စရာပိုနည်းမယ်လေ.."

"ဘယ်လိုပဲပြောပြော မလုပ်နိုင်ပါဘူး ကိုယ့်ကိုအခုလို အရှက်ကွဲရအောင် မျက်နှာပျက်ရအောင် လုပ်တဲ့ လူယုတ်မာနဲ့လက်ထပ်မယ်ဆိုတာကမဖြစ်နိုင်ပါဘူး"

လှိုင်းယတိပြတ်ငြင်းလိုက်သည်..ဆရာမပြောသလိုပဲ လက်ထပ်တာက သတင်းဆိုးတွေကိုဖုံးနိုင်မှာ မှန်ပေမယ့် သူနဲ့လက်ထပ်ရင် လှိုင်းတစ်ဘဝလုံး အမဲစက်တင်မခံနိုင်ပေ...

"ေကျးဇူးပြုပြီး ဆရာမကိုကူညီပေးပါ ဘာမှမတောင်းဆိုပါဘူး ဒါပါပဲ ဆရာမကိုဒါလေးတော့ ပြန်ပြီး ကူညီပေးပါ"

PERFECTWhere stories live. Discover now