Ep 9

8.6K 273 4
                                    

Uni....
.
.
.
"လနက် မင်းဘာဖြစ်နေတာလဲ"

လှိုင်းနားမလည်နိုင်စွာမေးမိသည်..စောနားကတည်းက လ;နက်က သူ့ကို မျက်တောင့်နီကြီးဖြင့်ကြည့်နေသည်လေ...

A/N(လနက်' အ့လိုကြီးဆက်မဖတ်ပါနဲ့နော် အဓိပါယ်ပြောင်းသွားတယ်လေ ö_ö လ,နက် အ့လိုလေးဖတ်ပေးပါ.အနက်ရောင်လ ဆိုတဲ့သဘောပါ..လနက်လို့​ဖတ်ပြီး မမှောင်​ကြပါနဲ့ ಠ_ಠ)

"ခင်ဗျား စကားမပြောနဲ့"

သူ့စကားကြောင့် လှိုင်းပါးစပ်ပိတ်ကာ လက်လေးနဲ့အုပ်ထားလိုက်သည်..

"ခင်ဗျား.."

ဆဲဆိုရန်ဟန်ပြင်ပြီးမှ ဆက်မပြောဘဲ ပြန်မျိုချလိုက်သည့်သူ့အား လှိုင်း
ရယ်ချင်ပက်ကျိဖြစ်သွားရသည်...သူဘာလို့ဒီလောက်စိတ်တိုနေရတာလဲ...

"မင်းကလဲကွာ ဒီခွေးတွေကို ဒီလောက်စွဲလမ်းရလား"

"ဘာ..စွဲလမ်းတယ် စွဲလမ်းလို့မွေးထားတာမဟုတ်ဘူးကွ"

လနက်က အော်သည် လှိုင်းလဲ ကြောက်ချင်ယောင်ဆောင်ပြီးခေါင်းငုံ့ထားလိုက်သည်..
လနက် စိတ်ဆိုးနေရခြင်းကတော့ လှိုင်းကြောင့်ပါပဲ...
White နှင့် Brown နှစ်ကောင်လုံးကို နှင်ထုတ်ပစ်၍ပင်..လှိုင်းကိုဆို တထစ်ရှိ ဟောင်ရတာနှင့်လိုက်ရတာနဲ့ လှိုင်းအတော်လေးစိတ်ပျက်လာမိတာ...ဒါကြောင့် လိုရမယ်ရ ယူခဲ့တဲ့ ဆရာမဒေါ်ခင်စောတင့်၏ ဖုန်းကိုဆက်၍ အကူညီတောင်းလိုက်ခြင်းပင်..ဆရာမကလဲ ကူညီပေးပါသည်..လနက်မနိုးခင်အမြန်လာပြီး ခွေးတွေကို ခေါ်သွားတော့သည်...

"မစွဲလမ်းရင် ဘာဖြစ်နေတာလဲ "

"ကျုပ်ခင်ဗျားကိုတော်တော်လေး လုပ်ချင်နေပြီ..ခင်ဗျား စောက်ပိန်းလား..ဘာမှနားလည်တာလဲမရှိဘူး.."

သူ့စကားကြောင့် လှိုင်းခံပြင်းမိသည်
ခွေးတွေကိုပေးလိုက်တာနဲ့ပဲ ပိန်းတယ်ဖြစ်ရောလား..

"မင်းကရော ဘယ်လောက်နားလည်လို့လဲ သူတို့ငါ့ကိုဒီလောက်လိုက်ရန်ရှာနေတာ ငါကခြေထိုးပေးရမာလား"

"ခင်ဗျားကျုပ်ကိုပြောလေ..ခင်ဗျားပြောရင်ကျုပ်ကငြင်းမလား"

PERFECTWhere stories live. Discover now