" အဲ့နှစ်ယောက်ကို မြန်မြန်သာ ယူခိုင်းလိုက်တော့ တကယ်ထဲ သူတို့ပဲ အလုပ်ရှုပ် "
အိမ်ထဲဝင်လာပြီး ဂျေးအိမ်တွင် ကျန်ခဲ့သည့် နီခီနှင့်ဆောနူကို ဆောင်းဟွန်းက ဂျေးထံအတင်းတုတ်နေလေရဲ့။
" အေးလေ ငါ့အထင်တော့ မနေ့ညက အဆက်ကို ဒီညပြန်ဆက်ကြမယ်ထင်တယ် "
ထိုအကြောင်းဆို သိပ်စိတ်ဝင်စားသည့် ဂျေးက မျက်ဝန်းတွေတောက်ပလျက်ပြောလာတော့ ဆောင်းဟွန်းကလည်း ထိုနည်း၎င်း။
" ဟီး အေးနော် အခုဆို ဘယ်လိုဖြစ်နေကြမလဲမသိဘူး "
" နီခီက ငါ့ဝမ်းကွဲညီဆိုပေမယ့် ဒါမျိုးကျ ငါနဲ့ ကျိန်းသေတူမှာ "
သူ့ကိုယ်သူ အမိအရ အမွှန်းတင်တော့ ဆောင်းဟွန်း မျက်မှောင်ကျုံ့ကာ ဆူပုတ်သွားသည်။ တကယ်ဆို သူလည်း ယောက်ျားပါပဲ၊ တိုကျိုကညတုန်းက သူကပဲ ဂျေးပြုသမျှကို ငြိမ်ခံလိုက်ရတော့ ယခုထိ မကျေနပ်နိုင်သေးပေ။
" အဲ့ရုပ်က ဘာဖြစ်တာလဲ "
ရုတ်တရက် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်နေသည့် သူ့အနားကို ဂျေးက ကပ်ထိုင်လာပြီး နားအနားကပ်ပြောတော့ ဆောင်းဟွန်းမှာ တွန့်ကနဲတောင် ဖြစ်သွားရသည်။
" ဘာလဲ ဘာမှမဖြစ်ပါဘူး "
ဆူဆူပုတ်ပုတ်ရုပ်လေးနှင့်ပဲ ဂျေးကို ခပ်ဖွဖွတွန်းထုတ်လိုက်တော့ ဂျေးက သူ့ရင်ဘတ်သူ ဖိကာ ဆိုဖာကို ကျောမှီရင်း၊
" အာ့ မင်းကအရမ်းချစ်စရာကောင်းလို့ ဒီရင်ဘက်ထဲက ကောင်ကတောင် ခုန်နေပြီ "
ပြေတီတီမျက်နှာဘေးနှင့် ပလီပလာဆို သိပ်ပြောတတ်သည့် ဂျေးအား ဆောင်းဟွန်း မျက်စောင်းလေးပစ်လိုက်သည်။ မျက်စောင်းသာပစ်တာ ဂျေး၏ အမူအယာကြောင့် နှုတ်ခမ်းထောင့်လေးတွေက သူ့အလိုလို ကွေးညွှတ်နေလေရဲ့။
" ဟွန့် အဲ့လိုမဟုတ်တာဆို သိပ်ပြောတာပဲ သွား မင်းအိမ်မင်းပြန် "
" မပြန်ချင်ဘူးကွာ ဒီည မင်းနဲ့အိပ်မှာ "
သည်လိုကျ ဆောင်းဟွန်းမရမက ငြင်းလေသည်။ ဂျေးအကြောင်းကို သူအသိဆုံး၊ မပြောမဆိုနှင့် ဘာများထလုပ်မလဲဆိုပြီး ရင်တမမနှင့် ဖြစ်နေရမှာ။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘