Episode- 21☯

604 56 3
                                    

လပြည့်ညရယ်ကြောင့် ဖြစ်မည်။ ကောင်းကင်းယံထက် ပြည့်ဝန်းနေသော လမင်းကြီးမှ တစ်ပါး ကြယ်စင်တို့ကိုတောင် တိမ်ကွယ်နေ၍ မမြင်ရပေ။ ထိုတော့ အမှောင်ယံထဲ လ၏ အရောင်ကသာ အထင်းသားဖြင့်။

လသာချိန်မလို့ စံအိမ်၏ အပြင်ဘက် ခြံအတွင်းရှိ ခပ်ကြီးကြီးသစ်ပင်ကြီးအောက် ခင်းကျင်းထားသည့် သစ်သားကတီသဖွယ် အခင်းပေါ်၌ ဂျေးက ဟီးဆွန်းနှင့်အတူ ထိုင်ကာ စကားစမြည်ပြောနေကြသည်။

ခဏကြာတောာ့ ရှေးဟောင်းနှောင်းဖြစ်တွေ ​ထိုင်ပြောနေကြသည့် သူတို့နှစ်ဦးဆိီသို့ လက်တွင်ခပ်ထူထူစာအုပ်တစ်အုပ် ပိုက်ထားသည့် ဂျိတ်ခ်က မှုန်ကုတ်ကုတ်ရုပ်ဖြစ်နေသော ဆောင်းဟွန်းနှင့်အတူ ရောက်လာကြသည်။

ဂျိတ်ခ်က သူတို့ထိုင်နေကြသည့် ကတီ၏ အလည်၌ လက်ထဲက စာအုပ်ထူကြီးကို ဝုန်းကနဲ ချကာ ဝင်ထိုင်လိုက်သည်။ စာအုပ်၏ မျက်နှာဖုံးတွင်တော့ ' ဖြစ်ရပ်မှန် သရဲဝတ္ထုတိုများ ' ဟူ၍ ဂျပန်လိုရေးထားလေရဲ့။

ထိုအခါ စာအုပ်နာမည်ကို အသံထွက်ဖတ်လိုက်ရင်း ဂျေးက အမေးစသည်။

" ဒီလို ပေါတောတောစာအုပ်ကို ဘယ်က တွေ့လာကြတာလဲ "

" မင်းကြီးတော်ကို ပေါတောတောလား ဒါ ဖြစ်ရပ်မှန်တွေကွ "

" မင်းက ဒါကိုဖတ်ရအောင် ဂျပန်စာဖတ်တတ်လို့လား "

ရုပ်သေကြီးနှင့် ဂျေးကအမေးပြုတော့ ဂျိတ်ခ်လည်း ရှူးရှူးရှဲရှဲတွေဖြစ်ကုန်ပြီး၊

" မဖတ်တတ်ပေမယ့် နည်းနည်းပါးပါးတော့ ပြောတတ်တယ်ကွ! "

" ပြောတတ်လို့ပဲ မင်းမသိတာတွေ ငါ့ကို ဘာသာအတင်း ပြန်ခိုင်းတာလေ ဟွန့် google translateနဲ့တောင်ရှာရသေးတယ် သရဲစာအုပ်ကိုမှ ငါ့ဘာသာပြန်ခိုင်းရတယ်လို့ "

ဆောင်းဟွန်းက ဆူဆူပုတ်ပုတ်နှင့် မကျေနပ်ချက်တွေကို ဖွင့်ဟပြောဆိုတော့ ဂျေးမှာ ခွီချင်သွားသည်။ သူ့ခင်ဗျာ အတော်လေး ဘဝင်မကျဖြစ်နေပုံ။ မောင်မင်းကြီးသားရှင်းမ်ဂျိတ်ခ်ကလည်း အလိုက်ကမ်းဆိုးမသိ၊ သိဖို့လည်းစိတ်ကူးမရှိဘဲ ဆောင်းဟွန်းအား ညှင်းဆဲနေခြင်း။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now