မနက်ပိုင်း scheduleမရှိတာကြောင့် ဆောင်းဟွန်းတစ်ယောက် ဂျေး၏ တိုက်ခန်းဘက်သို့ ခြေဦးလှည့်လာသည်။ ဒီချိန်ဆိုရင် ဂျေးက ကုမ္ပဏီ သို့မဟုတ် သူ့ designတွေ၏ဆိုင်ခွဲတွေဆီ ရောက်နေမည်ဖြစ်သည်။
သို့ကြောင့် သော့အပိုနှင့် ဂျေးတိုက်ခန်းထဲဝင်ပြီး စားစရာမုန့်လာယူရန် ဆုံးဖြတ်လိုက်သည်။ ဆောင်းဟွန်းက သူ့တိုက်ခန်းတွင်လည်း မုန့်တွေအပြည့် ရှိသော်လည်း သူများဟာ စားရလျှင် ပိုအရသာရှိတာကြောင့် ယခုလို ခိုးခြင်းပင်။
ဂျေးနှင့် အတူနေသည့် ညီတော်မောင် နီခီကလည်း မိုးမလင်းခင်ထဲက ကားနှင့်ထွက်သွားပြီး လေလွင့်နေတာကြောင့် ဂျေးအိမ်တွင် မည်သူမျှ မရှိဘဲ ဆောင်းဟွန်းအတွက် မုန့်လာခိုးရန် အကောင်းဆုံး အချိန်ပင်။
သူ့တိုက်ခန်းမှထွက်၍ ဂျေးတိုက်ခန်းရှိရာသို့ လာလိုက်သည်။ ဂျေးပေးထားသည့် သော့အပိုနှင့် အိမ်တံခါးကို ဖွင့်လိုက်သည်။
အရင်ဆုံး အိမ်အတွင်းသို့ ခေါင်းအရင်ဝင်ပြီး ဘယ်ညာကြည့်ပြီး လူမရှိတာသေချာမှ ကိုယ်ပါ ဝင်လိုက်သည်။ တံခါးကို ပြန်ပိတ်၍ အလျင်အမြန်ပဲ မီးဖိုချောင်ဘက်သို့ သွားလိုက်သည်။
ဆောင်းဟွန်းတစ်ယောက် မျှော်လင့်ချက်တို့အပြည့်ဖြင့် မီးဖိုချောင်ရှိ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တော့၊
မပြုတ်ရသေးသော ပြောင်းဖူးအစိမ်းတို့မှ လွဲ၍ တခြားမရှိ။
ပြောင်းဖူးအချစ်တော် ဂျေး၏ လက်ချက်ကြောင့် ဆောင်းဟွန်းခင်ဗျာ စားခါနီးအသား အနားရောက်မှ ပြုတ်ကျသလို ဖြစ်သွားပြီး စိတ်ပျက်စွာပင် ရေခဲသေတ္တာအား ပြန်ပိတ်ကာ မီးဖိုးချောင်၏ ရှိသမျှ နေရာတို့၌ မုန့်လိုက်ရှာသော်လည်း၊
ကောင်တာပေါ်က မိုက်ခရိုဝေ့ဖ်ထဲမှ စထော်ဘယ်ရီသီးတို့က လွဲ၍ ကျန်တာမတွေ့ရ။
ဆောင်းဟွန်း စိတ်လေသွားသည်။ ဤကဲ့သို့ စထော်ဘယ်ရီအား မိုက်ခရိုဝေ့ဖ်ဖြင့် အပူပေးပြီး စားသည့် သူမျိုးက ဤကမ္ဘာပေါ်တွင် နီခီမှ လွဲ၍ တခြားတစ်စုံတစ်ယောက်မျှ မရှိသည်မှာ ဧကန်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘