တောင်ကိုရီးယားနှင့် ဂျပန်၏ လေယာဥ်စီးလျှင် ကြာချိန်က ပျှမ်းမျှအားဖြင့် နှစ်နာရီကျော်လောက်သာ ကြာတော့ မကြာခင်ပဲ ဆူရှီမြေသို့ ရောက်သွားကြသည်။
တိုကျိုမြို့၏ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်ဆိုက်ကပ်ပြီး ကုမ္ပဏီက စီစဥ်ပေးထားသည့် အဆင်သင့်ရှိနေပြီးသား ကားနှင့် မြို့ထဲသို့ ပက်ကာ တည်းရမည့် Hotelသို့ driverက ပို့ဆောင်ပေးလိုက်သည်။
Hotelမှာ အဆင့်မြင့်ကြယ်ခုနစ်ပွင့်ဖြစ်ပြီး ဂျပန်ပြည်၏ ယဥ်ကျေးမှုအမွေအနှစ်တို့ကို ဖော်ကြူးထားသော ရိုးရာအဆောင်အယောင်များနှင့် ပြင်ဆင်ထားခြင်းဖြစ်သည်။
ကုမ္ပဏီက စီစဥ်ထားသည့်အတိုင်း ဆောင်းဟွန်းနှင့် မန်နေဂျာနင်းမ်က တစ်ခန်း၊ သိီးသန့်နေချင်သည့် ဂျေးက တစ်ခန်းနှင့် လက်ထောက်လေးအတွက် တစ်ခန်းဖြစ်သည်။
ယခု ဂျပန်လိုက်လာသည့် နီခီပါတိုးသွားတော့ သကောင့်သားက နှစ်ယောက်အိပ်အခန်းဖြစ်နေသည့် လက်ထောက်လေးဆောနူ၏ အခန်းတွင် တည်းမည်တဂဲဂဲလုပ်နေတော့သည်။
ဆောနူကတော့ စစတွေ့တုန်းက ခင်လို့ကောင်းမည်ထင်၍ ဖော်ဖော်ရွေရွေဆက်ဆံခဲ့သော် ၎င်းဂျပန်သားက စည်းကျော်ချင်နေသည်။ ယခုလည်း တစ်ခန်းတည်းတောင် အတူအိပ်ရမည်ဆို၍ အသက်ပါတိုချင်သွားသည်။
ဘယ်သူက အဲ့သည်လောက် အတင့်ရဲပြီး ဇွတ်ကို အတင်းလိုက်ချစ်နေတဲ့ သူကို စိတ်မရှုပ်ဘဲရှိပါ့မလဲ။ သို့သော်လည်း အားနာတတ်နေတော့ ဆောနူလေးမှာ မောင်းထုတ်မပစ်ချင်။
အားနာလို့လား၊ သဘောကျနေလို့လား ဆိုတာကတော့ ဂင်မ်ဆောနူ သူ့ကိုယ်သူသာ အသိဆုံးဖြစ်လိမ့်မည်။
ဆောင်းဟွန်းကတော့ ဂျေးနှင့် တစ်ခန်းထဲမနေပေမယ့် ဂျေး၏ အခန်းထဲမှာပဲ သောင်တင်နေပြီး အိပ်ချိန်မှသာ သူ့အခန်းသူပြန်လာတော့သည်။
ဂျေးဆိုသည်မှာလည်း ထူးထူးဆန်းဆန်း ပြောင်းလဲနေသည့် ဆောင်းဟွန်း၏ အမူအကျင့်တို့ကို ယခုထိ သတိမထားမိသေး။ သတိထားမိရင်တောင် သူလည်း ဟန်ဆောင်နေမိဦးမှာပဲ။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘