Episode- 20☯

716 57 8
                                    

* ဒုန်း ဒုန်း ဒုန်း *

" ယား! ပတ်ဆောင်းဟွန်း!! တံခါးဖွင့်ဦးကွ "

အဆက်မပြတ် နှုတ်ဖြင့်ကျယ်လောင်စွာ အော်၊ လက်ဖြင့်လည်း တံခါးကို ထုလျက်နှင့် ညကြီးအချိန်မတော်ဆူညံနေသည့် ပတ်ကျုံးစိန်ကို ကြည့်ရတာ ဂယက်ရိုက်နေသယောင်။

ဂျပန်ရိုးရာအိမ်ဖြစ်တာကြောင့် တံခါးတွေမှာလည်း ဘေးသို့ တွန်းဖွင့်ရတာမျိုးဖြစ်ပြီး ဆွဲဖွင်လိုက်ရင် ရတာကို သက်သက်မဲ့ ထုနေခြင်း။ ခဏကြာတော့ ထိုတံခါးကို အထဲမှ ဆောင်းဟွန်းက ဖွင့်လိုက်ကာ ထိုင်လျက်သား ခေါင်းပဲထွက်လာသည်။

" လုံး ဝ တံခါး မ ဖွင့်ပေး နိုင်ဘူး "

အာလေးလျှာလေးနှင့် ဂျေးအား တံခါးမဖွင့်ပေးဘူးဆိုတာကို တံခါးဖွင့်ကာပြောလာတဲ့ ငမူးလေး ပတ်ဆောင်းဟွန်း။

ပြောပြီးတော့ မူးနေတာကြောင့် တံခါးအပြင်၌ ခေါင်းထွက်လျက် ထိုင်လျက်သား ငုတ်တုတ်မေ့သွားတော့သည်။

ထိုအခါ ငုတ်တုတ်မေ့နေသည့် ဆောင်းဟွန်းကို အငိုက်ဖမ်း၍ တံခါးပြန်မပိတ်ခင်လေး လွှားကနဲ ဆောင်းဟွန်းကို ခုန်ကျော်ကာ အခန်းထဲဝင်လိုက်ပြီး ယောင်ပြီး တံခါးကို ပြန်ပိတ်မိသွားသည်။

ထိုအခါ ဆောင်းဟွန်း၏ ထွက်နေသော ခေါင်းက တံခါးကြား ညပ်သွားလေသည်။

" အားးးးးးးး!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! "

ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ဆောင်းဟွန်း၏ ငယ်သံပါသည့် အသံနက်ကြီးကို ကြားတော့မှ ဂျေးလည်း သတိပြန်ရ၍ တံခါးပြန်ဖွင့်ပေးလိုက်ကာ ငုတ်တုတ်အနေအထားနှင့် ဆောင်းဟွန်းကို လက်ကနေ တရွတ်တိုက်ဆွဲခေါ်ပြီး အိပ်ယာ၌ နေရာချပေးလိုက်သည်။

ဂျပန်ရိုးရာအိပ်ယာမို့ ကုတင်နှင့်မဟုတ်ဘဲ အိပ်ယာခင်းထူထူ၊ စောင်ထူထူနှင့်ဖြစ်သည်။ နှစ်ယောက်အိပ်မို့ စောင်ထူထူခပ်ကြီးကြီးတစ်ခုနှင့် ခေါင်းဦးနှစ်လုံးထားပေးထားသည်။

အိပ်ယာပေါ်ရောက်တော့ ဆောင်းဟွန်း ပြန်ထလာပြီး သူ့အား စောင်ခြုံပေးနေသည့် ဂျေးကို ရုတ်တရက်ဆိုသလို လည်ပင်းထညှစ်လေသည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now