ချမ်းအေးလွန်းလှတဲ့ ရာသီက တစ်နေ့ထက်တစ်နေ့ ပို၍ အေးလို့လာသည်။
သဘာဝအတိုင်း အေးလွန်းသည့် ဒေသဖြစ်တာကြောင့် တစ်ရက်တစ်လေဆို အအေးချိန်မှာ အနှုတ်လက္ခဏာပြသည့် အထိတောင် အအေးနှုန်းပြင်းလှသည်။
သစ်ပင်တို့ရှိ သစ်ရွက်လေးတို့မှာ နှင်းတို့အပြည့်ဖုံးလွှမ်းလျက် ခိုက်ခိုက်တုန်အောင် ချမ်းနေကြရှာသည်။ တဖြူးဖြူးတိုက်ခတ်သည့် လေအေးတို့ကလည်း အေးစက်နေလျက်။
အေးစက်နေသည့် ရာသီဥတုနှင့်ကွဲပြားစွာပင် ဆောင်းဟွန်း၏ စိတ်အတွင်းတွင်တော့ လွန်စွာပူပြင်းနေရပါသည်။
စိတ်နှင့်လူနှင့်လည်း သိပ်မကပ်ချင်တာကြောင့် ယနေ့၏ scheduleတွေကို အကုန်ဖြတ်ပြီး ဘယ်မှမသွားဘဲ အခန်းတွင်းသာအောင်းနေမိသည်။
ဘာလုပ်လုပ်စိတ်မပါဘဲ မှန်ဖြင့်ကာထားသည့် ခပ်ကျယ်ကျယ်ပြတင်းပေါက်အနားရှိ စားပွဲအသေးနှင့် ထိုင်ခုံလေး၌ မှိုင်တွေတွေ ထိုင်နေသည်။
တစ်ဆယ့်ကိုးထပ်မြောက်အထပ်တွင် နေသည်မို့ viewကတော့ သူ၏ အကြိုက်ပင်။
မြင်ရသည့် ခေတ်မှီအဆောက်အအုံတို့နှင့် မီးခိုးရောင်မြူတို့စိုင်းနေသည့် ကောင်းကင်ကြီးမှာ အကြောင်းမဲ့စွာပင် သူ့စိတ်ထဲတော့ ဝမ်းနည်စရာကြီး ဖြစ်နေသည်။
အိမ်ထဲတွင်နေသော်လည်း တစ်ချက်တစ်ချက် စိမ့်ကနဲ့မို့ ဝတ်ထားသည့် သိုးမွှေးဆွယ်တာပေါ်မှ နောက်ထပ်အနွေးထည် ထပ်ဝတ်လိုက်သည်။
အနွေးထည်ဝတ်ရင်း သိုးမွှေးဆွယ်တာဆီ ရုတ်တရက် စိတ်ရောက်လို့သွားတော့ ဆောင်းဟွန်းမျက်နှာ ပိုလို့တောင်အသက်မဲ့သွားသည်။
ထိုဆွယ်တာက သူတောင်းလို့ ဂျေးက ပေးခဲ့သည့် သိုးမွှေးဆွယ်တာလေး..။
ဆွယ်တာကိုသာ သူ့ကိုပေးခဲ့ပေမယ့် ယခုတော့ မနက်မိုးလင်းကတည်းက သူ့အိမ်ဘက်ကို ခြေတောင်မချ။
နီခီပြောပုံအရဆို ဂျောင်ဝန်းလာခေါ်လို့ အပြင်အတူသွားကြတာတဲ့လေ။
ဂျေးအကြောင်းတွေ စဥ်းစားမိတော့ အလိုလိုနေရင်းစိတ်ရှုပ်သွားသည်။ ဂျေးက သူ့အပေါ် သူငယ်ချင်းထက်ပိုနေတယ်လို့ သူထင်နေမိခဲ့တာ မှားသွားသည်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Lãng mạnခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘