Episode- 22☯

620 47 8
                                    

ယနေ့နှင့်ဆို ဂျပန်ပြည်မှ ပြန်ရောက်တာ သုံးရက်ခန့်ရှိလေပြီ။ အားလပ်ရက်တွေ ပြီးဆုံးတော့ ကိုယ်ဆီလုပ်ငန်းခွင်တို့တွင် လည်ပတ်လာကြပြန်၏။

ညနေခင်းအချိန်မလို့ ရိုက်ပြီး၍ အားလပ်တာနှင့် ဆောင်းဟွန်းတစ်ယောက် ကုမ္ပဏီအပေါ်ဆုံးထပ်တွင်ရှိသည့်မှန်ဖြင့်မိုးထားလို့ မြို့ပြ၏ရှု့ခင်းကို မြင်ရသော အထပ်သို့ တက်လာသည်။

ဥယျာဥ်သဖွယ် စိုက်ပျိုးထားသော အပင်လေးတွေလည်းရှိတော့ အပန်းဖြေချင်စရာနေရာလေးမလို့ ခင်းကျင်းထားသော ခုံတန်းလေး၌ ထိုင်၍ ဖုန်းသာထိုင်သုံးနေလေရဲ့။

Twitter, Instagram စသည့်Social Mediaတို့ကို ဖွင့်ကြည့်မိတော့ သူpostမတင်တာကြာလို့ လွမ်းနေရသည့် fanလေးတွေ၏ postတို့ကို တွေ့လိုက်ရသည်။

ပတ်ဆောင်းဟွန်းတို့များ သူသုံးသည့့် Social Media Accountတို့၌ တစ်ပတ်လောက်ပျောက်သွားသည်နှင့် fanလေးတွေမှာ ဂယက်ရိုက်ကုန်ကြသည်။ သူတို့အချစ်တော် ဘာများဖြစ်သလဲဆို၍ စိတ်ပူပုံလေးတွေက တကယ်ကို ချစ်စရာပင်။

ထိုpostလေးတွေ မြင်တော့ သဘောတကျ သူပြုံးမိသွားသည်။

ဝါသနာအရအလုပ်ဆိုသော်ငြား အားလပ်ချိန်မရှိတာနှင့် ပုံမှန်လူလို လွတ်လွတ်လပ်လပ်မနေရတာတို့က သူ့အား မွန်းကြပ်စေလှသည်။ တစ်ခါတစ်ရံ ဝေဖန်မကောင်းပြောသူတို့နှင့်လည်း ကြုံရသေးပြန်တော့ လွယ်တော့မလွယ်လှပေ။

ဘယ်လောက်ပဲ မွန်းကြပ်ရပါစေ၊ ယခုလို fanလေးတွေရှိပြန်တော့ အနည်းဆုံးသူပြုံးရသည်ည်။ ကိုယ့်အား အလွန်ချစ်ပေးကြတော့ တစ်ခါတစ်လေဆို အားတောင်နာမိိရသည့် အဖြစ်။

fanလေးတွေ အလွမ်းပြေစေရန် ချက်ချင်းပဲ postတို့တင်လိုက်လေသည်။ Twitter၌့လည်း fanလေးတို့၏ postတွေကို retweetလုပ်ရင်း replyပါပြန်လိုက်သည်။

ဤသို့ သူ့ကို ချစ်တဲ့သူတွေရှိသော ရပ်ဝန်းလေးက အလွန်ပဲ အေးချမ်း၍ ပျော်ရပါသည်။ သေချာတာတစ်ခုကတော့ သူ့ကို ချစ်တဲ့ fanလေးတွေထဲ no.1 fanကတော့ ဂျေး။

Modelတစ်ဦးမဖြစ်ခင်ကတည်းက ယခု၏ သူ၏ အမာခံပရိတ်သတ်ဖြစ်သည့့်အပြင် သူ့အား ပံ့ပိုးကူညီပြီး ဂရုစိုက်တတ်လွန်းသည့့် မိထွေးဟုတောင် ထင်ရသည့် ပတ်ဂျေး။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now