Episode- 7☯

597 56 5
                                    

" cut! ကဲ အားလုံးပဲ Shootingပီးပီ "

ဒါရိုက်တာ၏ ပြောသံနှင့် အတူ ရိုက်ကူးရေးအဖွဲ့သားတို့က တက်ညီလက်ညီနှင့် photo shooting အား သိမ်းရန်ပြင်ကြသည်။

photo shooting၏ modelဖြစ်သူ ဆောင်းဟွန်းက ခေါက်ခုံလေးတွင် ခေတ္တထိုင်ကာ အနားယူနေသည်။ ကြက်သွေးရောင် leather coatအား အနက်ရောင် လက်ပြတ်အင်္ကျီအထက်၌ ဆင်မြန်းထားသောကြောင့် ဆောင်းဟွန်း၏ ဖြူဖွေးလှသည့် အသားအရည်နှင့် လိုက်ဖက်ညီလျက်ပင်။ coatကို တံတောင်ဆစ်အနားသို့ ချထားသောကြောင့် ဖွေးဥနေသည့် ပခုံးသားတို့က အထင်းသား မြင်နေရသည်။

ခဏနားပြီးအကြာတွင် ဆောင်းဟွန်းကို အဝတ်လဲရန် stylistတို့က လာခေါ်ကြပြီ။ ပြီးလျှင် scheduleမရှိတော့သည်မို့ အိမ်ပြန်ရန်သာ ပေါ့ပေါ့ပါးပါးနှင့် သက်သောင့်သက်သာရှိမည့် ဝတ်စုံကိုသာလဲလိုက်သည်။

ထို့နောက် shootingအဖွဲ့သားတွေက လာနှုတ်ဆက်ကြသည်မို့ ဆောင်းဟွန်းက ပြန်၍ နှုတ်ဆက်နေရင်း သူ့အနောက်သို့ လူတစ်ယောက်လာရပ်သည်ကို သတိထားမိသည်။

" ဒီနေ့လည်း တာဝန်ကျေခဲ့ပါတယ် ဆောင်းဟွန်းရှီး "

တည်ကြည်မှုအပြည့်ဖြင့် ခပ်ထန်ထန် ယောက်ျားအသံကို ကြားလို့ ဆောင်းဟွန်း လှည့်ကြည့်မိတော့ ယနေ့shooting၏ ဒါရိုက်တာဖြစ်သည်။

ခန့်ချောကြီးဖြစ်နေသည့် ဒါရိုက်တာကြီးက တခြားတော့မဟုတ်။ ရုပ်ရှင်ဇာတ်ကားတွေသာမက survival showများနှင့် တခြားသော showများကိုပါ ဦးဆောင်ရိုက်ကူးလေ့ရှိပြီး ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်သည့် ဂင်မ်နမ်ဂျွန်း ဟု အများက သိသူဖြစ်သည်။

ဆောင်းဟွန်း ဒါရိုက်တာကြီးကို တွေ့တော့ ယဥ်ကျေးလေးဖြင့် နှုတ်ဆက်လိုက်ပြီး

" ဟုတ်ကဲ့ ကျေးဇူးပါခဗျ ဒါရိုက်တာကြီးလည်း တာဝန်ကျေခဲ့ပါတယ် "

" ဟုတ်ကဲ့ပါ ဆောင်းဟွန်းရှီးက တကယ်ကို Top Model ပီသတာပဲ ဒီနေ့လို Magazineမှာ ပါဖို့ requestလုပ်မိတာ မှန်သွားပီ "

ပါးချိုင့်နက်နက်ကြီးတွေနှင့် ပြုံးပြကာ ချီးကျူးစကားဆိုလာသည့် ဒါရိုက်တာကြီးကြောင့် ဆောင်းဟွန်း အလွန်ပင်အားတက်သွားသည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now