အနောက်သို့ တစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ ဆောင်းဟွန်း လှည့်ထွက်လာခဲ့သည်။ အခုက သူသည် စိတ်ကောက်တယ်ဆိုတာထက် ဝမ်းနည်းမိတာဆို ပိုမှန်လိမ့်မည်။
ဂျေးက သူ့ကို စိတ်ကုန်နေပြီလား၊ စိတ်မပါတော့တာလား၊ သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေလို့လား။
အတွေးများစွာနှင့် စိတ်ပိုရှုပ်လာရသည်။
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို ခြေလှမ်းခပ်သွက်သွက်တို့က လက်တစ်စုံကြောင့် ရပ်တန့်သွားရသည်။ လှည့်ကြည့်မိတော့ သေချာပေါက် ဂျေးပေါ့။
" ဆောင်းဟွန်းနား "
ခေါ်သူကို မျက်ကွယ်ပြုပြီး ဆွဲထားသည့် လက်ကိုရုန်းကာ အရှေ့သို့ ဆက်လျှောက်သွားမိသည်။
တစ်ခွန်းမှ ပြန်မပြောဘဲ သူ့လက်ကိုပါ ရုန်းထွက်သွားသည့် ဆောင်းဟွန်းကို ဂျေးလည်း ထပ်၍ မတားချင်တော့ပါ။ ဆောင်းဟွန်းက သူ့ကိုတောင် မမြင်ချင်တော့တာလား။
ဒီလိုဆိုလည်း သူ့သဘောအတိုင်း မမြင်စေရတော့ပါဘူး လို့တွေးပြီး လွှတ်ပေးလိုက်မယ့် သူမျိုးထဲတွင် ပတ်ဂျုံဆောင်းမပါ။ လွယ်လွယ်နှင့်တော့ အလျှော့ပေးရိုးထုံးစံမရှိ။
ခပ်သွက်သွက်ပဲ သူ့အနောက်လိုက်သွားပြီး အရှေ့တွင် ပိတ်ရပ်လိုက်တော့ ပင်ဂွင်းပေါက်၏ မျက်ခုံးထူထူလေးတွေက ရုတ်တရက်ကျုံ့လို့သွားသည်။
ရှောင်ဖယ်၍ သွားမည်လုပ်တော့လည်း ဂျေက အလွတ်မပေး။
ဆောင်းဟွန်းလည်း အတတ်နိုင်ဆုံး ဒေါသမထွက်မိအောင် သက်ပြင်းတစ်ချက်ချပြီး၊
" ငါ့အရှေ့က ဖယ် "
" မဖယ်ဘူး "
ဆောင်းဟွန်း ဒုတိယအကြိမ် သက်ပြင်းချလိုက်သည်။
" ဂျေး ငါထိုးမိလိမ့်မယ် မင်းဖယ်လိုက်တော့ "
" ထိုးလေ မင်းလက်လေးနဲ့ ငါ့ပါးကို ထိမှာပဲ ငါက ကျေနပ်တာပေါ့ "
စိတ်ကိုမတိုတိုအောင် လမ်းကိုပိတ်ထားလို့ ဒေါသဖြစ်ချင်နေပါတယ်ဆိုမှ ဒီပတ်ဂျုံဆောင်းက နောက်နေနိုင်သေးတာပဲ။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘