Episode- 1☯

1.9K 101 2
                                    

အမှောင်ထုတို့ ဖုံးလွှမ်းလျက်ရှိသော ညတစ်ည။

ကောင်းကင်ယံထက် မိုးသားတိမ်တိုက်တို့က ကြီးစိုးနေလိုက်ပုံများ လပြည့်ဝန်း၏ အရိပ်အယောင်ကိုတောင် အလျဥ်းမျှ မမြင်ရပေ။

တိုက်ခတ်လာသည့် မိုးလေအေးအေးကြောင့် တစ်ချက်ချက် အေးစိမ့်လာကာ ကျက်သိမ်းထစဖွယ် အခိုက်အတန့်များလည်း ဖြစ်ပေါ်နေလေရဲ့။

တောင်ကိုရီးယားနိုင်ငံ၏ အချက်အချာအကျဆုံးဖြစ်သည့် ဆိုးလ်မြို့၌ အသစ်ဆက်ဆက် ဆောက်ထားသည့် အဆင်မြင့် ကွန်ဒိုအိမ်ရာ တစ်ခု၏ တိုက်ခန်းတစ်ခုတွင် တစ်ဦးတည်းနေသည့် လူငယ်တစ်ယောက် ရှိသည်။

ထိုလူငယ်သည် သူ့၏အိပ်ယာထက်တွင် အိပ်စက်အနားယူနေသည်။ သို့သော် ရုတ်တရက် မိုးထစ်ချုန်းရွာချလာသောကြောင့် မိုးချိန်းသံနှင့်အတူ လန့်နိုးလာကာ သူ့၏ မျက်လုံးတစ်စုံအား ဖွင့်ကြည့်မိလိုက်၏။

ဘေးဘယ်ညာကြည့်မိတော့ တစ်ခန်းလုံးအမှောင်ကျနေသည်။ မိုးကြမ်းကြမ်းရွာထားသောကြောင့် လျှပ်စစ်လိုင်းခေတ္တခဏ ပြတ်တောက်သွားပုံရသည်။

ဤသည်နှင့် ကုတင်ဘေးရှိ ခုံ၌ တင်ထားသည့် သူ့ဖုန်းအား ယူ၍ ဖုန်းက နာရီကို ဖွင့်ကြည့်လိုက်သည့်အခါ၊

အချိန်ကား ဆယ့်နှစ်နာရီ။

လူတို့၏ အယူအဆအရ ၎င်းအချိန်သည် သရဲ၊တစ္ဆေ တို့ မြူးသည့် အချိန်မဟုတ်ပါလား။

အတွေးများစွာဖြင့် တစ်ဦးထဲ ခြောက်ခြားစိတ်ဝင်နေစဥ် ပစ္စည်းတစ်ခုပြုတ်ကျသောကြောင့် ထွက်ပေါ်လာသော အသံတစ်ခုအား ကြားလိုက်ရသည်။

အခန်းတံခါးကို သေချာမပိတ်မိလိုက်သောကြောင့် ဖြစ်မည်၊ သူ့အိပ်ခန်းအပြင်ဘက်မှ လာသော အသံကို အနည်းငယ် ကြားလိုက်ရသည်။

ဤသည်နှင့် အိပ်ယာမှ ကမန်းကတန်းကုန်းရုန်းထပြီး အခန်းအပြင်သို့ ထွက်လိုက်ကာ ဖုန်းက မီးဖြင့် အသံလာရာ မီးဖိုချောင်ဘက်အား အရဲစွန့်၍ သွားလိုက်သည်။

တစ်ချွတ်ချွတ်နှင့် အသံတစ်ခုက မီးဖိုချောင်ရှိ ကောင်တာအနောက်မှ ထွက်ပေါ်လာသည်။ သူလည်း ထိုနေရာသို့ သွားပြီး နီးလာလေလေ ထိုအသံက ပိုကျယ်လာလေလေ ဖြစ်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now