လက်ထဲမှဓာတ်ပုံကို တစ်ချက်ကြည့်ပြီး ဟီးဆွန်းစိတ်ထဲတွင် စိုးရိမ်စိတ်တို့ဖြစ်ပေါ်လာသည်။ သို့ပေမယ့် ဒီလိုအဖြစ်မျိုး တစ်နေ့တစ်နေ့တော့ကြုံလာမည်ကိုတော့ သူကြိုတင်တွေးထားပြီးသားပင်။
ဓာတ်ပုံအား ကြည့်ရသလောက်တော့ ကားပါကင်တွင်ရိုက်ထားခြင်းဖြစ်မည်။ လျပ်တဖြတ်ကြည့်လိုက်လျှင်တော့ ပုံမှန်လူငယ်နှစ်ယောက်ရပ်သလိုလိုနှင့် အသေအချာကြည့်လျှင်တော့ maskအမဲကိုတပ်ဆပ်ထားသော်လည်း သိသာစွာမြင်နေရသည့် modelပတ်ဆောင်းဟွန်းနှင့် သူ၏ခါးတစ်ဝိုက်အားသိုင်းဖက်ထားသည့် လက်တစ်စုံ၏ပိုင်ရှင်Designerဂျေးအား ထင်ရှားစွာမြင်ရနေလေရဲ့။
ဘေးတိုက်အနေအထားတွင့် ရိုက်ထားသည့်ပုံဖြစ်ပြီး ဂျေးမှအနောက်ကနေ၍ ဆောင်းဟွန်းအား ဖက်ထားကာ ဆောင်းဟွန်း၏လည်တံဆီသို့ အနမ်းချွေတော့မည့် အနေအထားဖြစ်နေသည်။
ဤပုံကိုကြည့်ခြင်းဖြင့် သာမာန်သူငယ်ချင်းနှစ်ယောက်မဟုတ်မှန်းအလွန်သိသာနေပြီး အဆိုးဆုံးကတော့ ကာယကံရှင်နှစ်ဦးစလုံးက နာမည်ကြီး modelနှင့် designerဖြစ်နေခြင်းပင်။
editလုပ်ထားသည့်ပုံပါဆိုပြီး ဖုံးလိုက်ရန် ဟီးဆွန်းစဥ်းစားလိုက်သော်လည်း ထိုပုံအားချောင်းရိုက်လိုက်သူက ထိုနေရာ၊ထိုအချိန်မှာပင် ပုံပေါင်းများစွာ အမိအရရိုက်ထားလိုက်မှာပဲဟု ထင်မိပြန်သည်။
ဟီးဆွန်းထင်မြင်ချက်အတိုင်းပါပဲ။ သူတို့တွေ့ရသည့်ယခုဓာတ်ပုံသာမက ကျန်သည့်ပုံများစွာသည် social media၌ ပျံ့နှံ့သွားလေပြီ။
ဟီးဆွန်းလည်း ကြံရာမရဖြစ်နေသည့်အဆုံး သူအရှေ့တွင်ထိုင်နေသော၊ ယခုသူရောက်နေသည့် ကုမ္ပဏီ၏CEOဟု ထင်ရသည့်သူအား ကြည့်ကာ၊
" ယွန်းဂီဟျောင်း ကျွန်တော်တို့ဒီကိစ္စကိုဘယ်လိုလုပ်ကြမလဲ "
ထိုသူက မထူမပါးမျက်ခုံးတစ်စုံအား ပင့်တင်လိုက်ပြီး ဟီးဆွန်းအပြောကို စုတ်တစ်ချက်သပ်၍၊
" ကာယကံရှင်modelဆောင်းဟွန်းရဲ့ ဆန္ဒကိုပဲမေးရတော့မှာပေါ့ "
CEOယွန်းဂီ၏အပြောကို ဟီးဆွန်းကထောက်ခံသည့်အနေနှင့် ခေါင်းတစ်ချက်ညှိတ်ပြသည်။ ယွန်းဂီဆိုသူကတော့ နာမည်ကြီးပြီးသား brandတစ်ခု၏ founderဖြစ်ပြီး ထိုbrandကုမ္ပဏီ၏ CEOလည်းဖြစ်သည်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘