Episode- 24☯

689 45 9
                                    

နွေဦးကာလသော်ငြား အေးမြစိုစွတ်သော ဒေသဖြစ်သည်ကြောင့် နံနက်ယံတွင် နှင်းစက်ဖွေးဖွေးတို့က အရည်ပျော်ကာ သစ်ပင်ယံထက် သစ်ရွက်ငယ်တို့ထံ တွဲလဲခိုနေသည်။

လေပြေအေးကြောင့် အချင်းချင်းပွတ်တိုက်လာသည့် သစ်ရွက်ငယ်တို့နှင့်အတူ အရည်ပျော်လာသည့် နှင်းစက်တို့မှာ ရေစက်ကလေးများအဖြစ် မြေနီလမ်းမအား စိုစွတ်စေသည်။

လမ်းမထက် ကားရယ်လို့ သိပ်ပင်မရှိသည်မလို့ လူသွားလူလာနည်းသော အရပ်ဖြစ်မည်။ နှစ်လမ်းသွားလမ်းမဘေးတွင် စိမ်းစိုနေသော သစ်တောအုပ်ကို မြင်တွေ့နိုင်သေးသည်။

တောအုပ်ဆိုသော် စခန်းလေးတွေနှင့် အပျော်ခရီးထွက်လို့ရသော နေရာလေးတွေလည်းရှိသေးသည်။ တောတွင်းလုံခြုံရေးနှင့် စခန်းတွေမလို့ အန္တရာယ်လည်းမဖြစ်ပေ။

ထိုတော့ ယခုဒေသက မြို့အပြင်ရှိ လူသွားလူလာနည်းသလောက် သီးသန့်ဖြစ်တည်သော သာယာသည့် အရပ်ဒေသဖြစ်မည်။

ကားဘေးမှန်းမှ အပြင်ဘက်သို့ ကြည့်ကာ ဆောင်းဟွန်းတစ်ယောက် ဒေသံသရလေ့လာနေပုံရသည်။ မနေ့က ပြောထားသည့်အတိုင်း ဂျေးက ဆောင်းဟွန်းကို တင်၍ တစ်နေရာသို့ မောင်းနှင်လာခြင်း။

ဘယ်သွားတာလဲလို့ မေးပြန်ရင်လည်း အနှီဂျေးက မပြောပြန်၊ ရောက်မှကြည့်ဟုသာ ပြန်ဖြေတော့ ဆောင်းဟွန်းလည်း မျက်ခုံးကျုံ့၍ ဆူဆူပုတ်ပုတ်ဖြစ်နေလေသည်။

ယခုထိ တည်နေရာသို့ မရောက်နိုင်သေးလို့ ဆောင်းဟွန်းက မကျေနပ်ဟန်ဖြင့် ဆိုလိုက်သည်။

" အခုထိ မရောက်သေးဘူးလားကွ "

ဂျေးက ကားမောင်းရင်း ဆောင်းဟွန်းဘက် လှည့်ကာ ပြန်ဖြေသည်။

" ရောက်ပြီ အရှေ့မှာ "

သူပြောသည့် အရှေ့ကိုကြည့်တော့ တောင်ကုန်းသဖွယ်မြေမြင့်နှင့် ဘေးတွင်သစ်တောအုပ်တို့သာ တွေ့သည်။ ခပ်လှမ်းလှမ်းမောင်းနှင်ပြီးသည့်အခါ ကားရပ်လိုက်တော့ ၎င်းတောင်ကုန်းသဖွယ်မြေမြင့်၌ အိမ်ဖြစ်ဟန်ရှိသည့် ခန့်ညားနေသော အဆောက်အဆုံတစ်ခုကို တွေ့လိုက်ရသည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now