မိုးရွာပြီးစတွင် ထွက်ပေါ်လာသည့် တောက်ပသော နေရောင်ခြည်ကြောင့် သစ်ပင်များရှိ သစ်ရွက်တို့သည် စိမ်းစိုတောက်ပြောင်နေသည်။
တိုက်ခတ်လာသော လေညှင်းများသည်လည်း လူ့စိတ်ကို လန်းဆန်းစေသည်။ ဤသို့ စိတ်ချမ်းမြေ့စရာဖြစ်သော သဘာဝ၏ အလှဟန်တွေကို ဂရုတောင်မစိုက်နိုင်ဘဲ မီးမစိမ်းသေးသည့် မီးပွိုင့်ကို စုတ်တချက်သပ်ကာ စောင့်နေသော ဂျေး။
ဟန်းဖြစ်ကမ်းဘေးတစ်လျှောက်ရှိ လမ်းမအထက်တွင် သူ၏အနက်ရောင်ပြိုင်ကားက ခပ်မြန်မြန်လေး ပြေးလွှားလာရင်း မီးပွိုင့်က ဖြတ်ကနဲ နီသွားလေသည်။
မီးပွိုင့်စောင့်ရသည်ကို သူမကြိုက်ပါ။ မီးပွိုင့်မှမဟုတ် မည်သည်ကိုမဆို စောင့်ရသည်က ပင်ကို စိတ်ရှည်သည်းခံအားနည်းသည့် သူ့ကို စိတ်ရှုပ်စေတာ အမှန်ပင်။
ခဏအကြာ မီးစိမ်းသည်နှင့် အလျင်အမြန် ဆက်လက်၍ မောင်းလိုက်သည်။
သူ၏ ကားအနက်လေးက ❛ 𝙁𝙤𝙘𝙪𝙨 ❜ ဟု အမည်တွင်သော ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဆီသို့ ဦးတည်နေသည်။
ဂျေးက ထိုကုမ္ပဏီ၏ ရှယ်ယာဝင်တစ်ဦးဖြစ်သလို သူကိုယ်တိုင် ထိုကုမ္ပဏီ လက်အောက်က Designerတစ်ဦးဖြစ်သည်။
လွန်ခဲ့သည့် ၂နှစ်အတွင်း ဂျေးကြောင့် ❛ 𝙁𝙤𝙘𝙪𝙨 ❜ အေဂျင်စီက ပို၍ အောင်မြင်လာပြီး ဂျေး၏ လက်ရာDesignတွေကြောင့် ကုမ္ပဏီ၏ ရောင်းအားများ တဟုန်ပြင်း မြင့်တက်လာခဲ့သည်။
ဂျေး၏မိဘများသည် နဂိုတည်းကမှ ချမ်းသာသူများဖြစ်ပြီး သူကိုယ်တိုင်ကပါ အောင်မြင်ပြီးကုမ္ပဏီတစ်ခု၏ ရှယ်ယာဝင်တစ်ဦးပါဖြစ်တာကြောင့် Designerလောကတွင် နာမည်ကြီးပြီး အသက်နှစ်ဆယ့်သုံးနှစ်အရွယ်နှင့် ယခုလို ကြီးပွားချမ်းသာနေသည်မှာ မဆန်းလှတော့ချေ။
~~~
ကြီးမားခန့်ညားသော ခေတ်မှီအဆောက်အအုံကြီးတစ်ခု အရှေ့၌ ဂျေးသူ့ကားကို ရပ်လိုက်သည်။ ကားပါကင်ထိုးရန် လုံခြုံရေးအား ကားသော့ပေးလိုက်သည်။
ဧည့်ကြိုဖြစ်သည့် မိန်းမလှလေးနှစ်ဦးက မှန်တံခါး၏ တစ်ဖက်တစ်ချက်တွင်ရပ်နေကြပြီး သူလာတာမြင်တော့ တံခါးဖွင့်ပေးကာ အလှပဆုံးပြုံးပြကြ၍ ဧည့်ဝတ်ကျေပွန်စွာ နှုတ်ဆက်လေသည်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘