Episode- 25☯

449 41 4
                                    

မိုးဖွဲလေးတို့မြေပြင်ထက်သို့ အရှိန်လည်းမပြင်း၊ အဆက်လည်းမပြတ်ဘဲ တဖွဲဖွဲကျဆင်းလို့နေသည်။ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ယံကို မော့ကြည့်မိတော့ တိမ်မဲတို့အုံ့မှိုင်းနေလိုက်တာ အမေပြောသလို မိုးဆွေနေတာပဲ ဖြစ်မည်။

အချိန်ကား ညနေသုံးနာရီတောင်မထိုးသေး။ အချိန်ကပဲ နှေးနေသည်လား၊ ကိုယ်ကပဲ အလုပ်မရှိသည့်နေ့မလို့ ပျင်းမိနေသည်လားမသိပါ။  သို့ပေမယ့် ယခုမှ အသေအချာ နားရတော့ ဆောင်းဟွန်း အိမ်ထဲက အိမ်ပြင်တောင် ထွက်ဖို့ စိတ်ကူးမရှိပေ။

လွန်ခဲ့သည့် နေ့ရက်တွေတုန်းက အားလပ်ရက်ဆိုသည်တောင် မရှိခဲ့ရသည့်  ရက်သတ္တပတ်တွေ များခဲ့ဖူးသည်လေ။ အလုပ်အကိုင် အောင်မြင်လာသည့်နှင့်အမျှ အားလပ်ချိန်တွေ လျော့ခဲ့ရတာ ယခုတော့ သုံးရက်လောက် အားလပ်ရက်ရခဲ့ပြီလေ။

ကိုယ်လက်သန့်စင်ပြီး အိမ်နေရင်းအဝတ်လဲကာ Skinလည်းcareရင်း ညစာထိုင်စားနေလိုက်သည်။

ထိုစဥ်ပဲ ရုတ်တရက် ဘဲလ်တီးသံကြားတော့ tonerအပြည့်နှင့် cotton padတို့ကို ပါးပေါ်၊ နှာခေါင်းပေါ်၊ နှဖူးပေါ်တို့၌ ကပ်လျက်ပင် စားနေသည့် ခေါက်ဆွဲပြုတ်ဘူးကြီးကိုလည်း လက်ကမချဘဲ တံခါးသွားဖွင့်ပေးရန် အိမ်ရှေ့ခန်းသို့ ထွက်လာလိုက်သည်။

အိမ်တံခါးလည်း ဖွင့်ပြီးရော မြင်လိုက်ရသည့်သူက ဆောင်းဟွန်းကို စုတ်တသပ်သပ်ဖြစ်သွားစေလေရဲ့။

သူမြင်လိုက်ရသည်မှာ Legoအရုပ်ဘူကြီးကို ပုခုံးပေါ်ထန်းထားသည့် နှစ်ယောက်မရှိသည့် အီဟီးဆွန်း၏ အတွင်းရေးမှူးလေး ရှင်းမ်ဂျိတ်ခ်။

" ဖြူပြီးသားမျက်နှာကို skin careနေသေးတယ် ထုံးသာသုတ်လိုက်တော့ "

အိမ်ထဲတောင်မဝင်ရသေးဘဲ အလိုက်ကမ်းဆိုးမသိ အိမ်ရှင်အား စကားနှင့် ထိပါးလာသော ဂျိတ်ခ်ကို ပတ်ဆောင်းဟွန်းလည်း skin careတာက ဖြူဖို့မှမဟုတ်တာဘာညာနှင့် ပွစိပွစိလုပ်ရင်း သကောင့်သားကို အိမ်ထဲဝင်ခွင့်ပေးလိုက်ရသည်။

မလာစဖူး အလာထူးသည့် ဂျိတ်ခ်က လာတော့လည်း Legoဘူးအကြီးကြီးနှင့်ပါလား။ ဒီသက်ဒီအရွယ်ရောက်သည့်တိုင် Legoပေါ်ထားရှိသည့် သူ၏ အချစ်တို့က မပျောက်ပြယ် တည်ရှိနေဆဲ။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now