အလှည့်ကျပြီဖြစ်တာကြောင့် မန်နေဂျာတစ်ဦးက သူ့အား လာခေါ်ပြီမလို့ ဆောင်းဟွန်း ခပ်သွက်သွက်ခြေလှမ်းတို့ဖြင့် လိုက်ပါသွားလိုက်သည်။ထို့နောက် မန်နေဂျာက အခန်းတစ်ခန်းအရှေ့၌ ရပ်လိုက်ပြီး အခန်းတံခါးကိုဖွင့်လိုက်တော့ ဟောခန်းပုံသဏ္ဍာန်ရှိပြီး အဖြူရောင်ဆေးသုတ်ထားသည့် အခန်းအကျယ်တစ်ခုအား တွေ့ရသည်။ ထိုနေရာက ကုမ္ပဏီ၏ အပေါ်ဆုံးအထပ်တွင်ရှိတာကြောင့် မြို့ပြ၏အလှတရားအား မှန်ပြတင်းပေါက်တို့မှ တွေ့မြင်နိုင်သည်။
ခပ်မြင့်မြင့်ရှိသည့် မျက်နှာကြပ်အထက်တွင် လှပစွာ ချိတ်ဆွဲထားသော မီးဆိုင်းများလည်းရှိသည်။ ခေတ်မှီဇိမ်ခံပစ္စည်းများနှင့် နေရာကျယ်ဝန်းပြီး အထက်တန်းကျသည့် အဆောက်အအုံဖြစ်တာကြောင့် ❛ 𝙁𝙤𝙘𝙪𝙨 ❜သည် ဘယ်လောက်ချမ်းသာသည့် ကုမ္ပဏီဖြစ်ကြောင်း သိနိုင်သည်။
ဆောင်းဟွန်း ထိုအခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ အခန်းမှာ ဝင်ဝင်ချင်းမြင်တွေ့ရသည်က အနီရောက်ကောဇောရှည်တစ်ခုဖြစ်သည်။ ထိုကောဇော၏ အဆုံးတွင် ခုံသုံးခုံ၌ နေရာယူထားကြသည့် အကဲဖြတ်သုံးဦးဖြစ်သည်။
အကဲဖြတ်တို့တွင် အလယ်က ထိုင်နေသည့် တစ်ဉီးကတော့ ❛ 𝙁𝙤𝙘𝙪𝙨 ❜ ကုမ္ပဏီ၏ CEOဖြစ်နိုင်ချေရှိသည့် ခပ်ဖြောင့်ဖြောင့် လူငယ်တစ်ဉီး။
ထိုလူငယ်က မီးခိုးရောင်ခပ်ဖျော့ဖျော့ suitကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာပေးကို ခန်ညှားသည့် မျက်နှာအထက် ဆင်မြန်းထားသည်။ ထိုသူ၏ အေးစက်၍ စူးရှသော မျက်ဝန်းတို့နှင့် အကြည့်ချင်းသာ စုံမိလျှင် ပြာကျသွားမည်ထင်ရလောက်အောင်ကို အရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းနေသည်။
ထိုသူက ဂျေးပြောပြောနေသော CEO အီဟီးဆွန်း ဖြစ်လိမ့်မည်ဟု ဆောင်းဟွန်းထင်မိသည်။
ထိုသူ၏ ဘေးတွင် ထိုင်နေသည့်အကဲဖြတ် နောက်တစ်ဦးက၊ ရွှန်းလဲ့တောက်ပြောင်သော မျက်ဝန်းများ၊ ခပ်တင်းတင်းစေ့ထားသည့် နှင်းဆီဖူးသဏ္ဍာန် နှုတ်ခမ်းတစ်စုံ၊ ရွှေအိုရောင်ဆံနွယ်တို့နှင့်၊ နဖူးမောက်မောက်အား ချထားသည့် ဆံမြိတ်၊ လှပသော ကြင်အင်လက္ခဏာတို့နှင့် အမျိုးသမီးတစ်ဦး၊ သူမဟာ အခြားတော့မဟုတ်၊ 2020 Miss Universe Winner ဖြစ်ပြီး ယခုထိလည်း မော်ဒယ်နှင့် အနှပညာလောက၌ ကြင်လည် ကျော်ကြားနေသူ
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘