လေးလံနေသော မျက်ခွံတို့ကို ဖြေးညှင်းစွာ ဖွင့်လိုက်၍ မျက်တောင်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အညောင်းဆန့်ရင်း ဆောင်းဟွန်းတစ်ယောက် နိုးလာသည်။
နိုးသော်ငြား မထသေးဘဲ အညောင်းဆန့်ပြီး လက်တို့ကို ဘေးဘက်သို့ ချလိုက်တော့ သူ့ညာဘက်လက်နှင့် ခပ်တုတ်တုတ်အရာတစ်ခုအား ကိုင်၍ ညှစ်မိသွားသည်။
တစ်ဆက်တည်းမှာပဲ အသံနက်ကြီးတစ်ခု ကျယ်လောင်စွာ ပေါ်ထွက်လာ၏။
" အားးးးး!!!!!!!! "
ဆောင်းဟွန်းလန့်ဖြန့်ပြီး ဘေးသို့ကြည့်လိုက်တော့ အန်းဂရီးဘတ်ဒ် ခေါ် ဂျေးအား အပေါ်ပိုင်းဗလာနှင့် တွေ့လိုက်ရသည်။
အပေါ်ပိုင်းက ဗလာဆိုသော်လည်း အောက်ပိုင်းကတော့ စောင်ခြုံထားတော့ မမြင်ရပေ။
ဤတော့ ခုနက ဆောင်းဟွန်းညှစ်မိလိုက်သည့် နေရာက ဂျေး၏ အထိမခံသည့်အောက်ပိုင်းအဓိကတစ်နေရာဖြစ်နေသည်။
" အားး!!! ငါ့လက်!!!!! "
ဆောင်းဟွန်းမှာ အိပ်မှုန်စုံဖွားမှ မျက်လုံးမျက်စံပြူးသွားပြီး ညှစ်မိသည့် သူ့လက်ကို ကြည့်ကာ အသံနက်ကြီးနှင့် ထအော်ပြန်သည်။ ဂျေးက ပေစောင်းပေစောင်းနှင့် လှမ်းကြည့်ပြီး၊
" အညှစ်ခံရတာ ငါ! မင်းကဘာကိစ္စနဲ့ အော်ရတာတုန်း! "
" မင်းဟာကြီးကို ကိုင်မိသွားပီလေ!! "
" ကြားမှာစောင် ကာထားတာကို အဖြစ်သည်းမနေနဲ့! "
" ဘာပဲဖြစ်ဖြစ် လန့်တာပေါ့ကွ! "
" မင်းထက်ကြီးတော့ သဘောကျနေတာမလား "
" မင်းဘိုးအေကို သဘောကျရမှာလား မနက်စောစောစီးစီးကွာ နေပါဦး မင်းက ဘာလို့ ငါ့အခန်းထဲရောက်နေတာလဲ ဟာ! ဘာလို့ အဝတ်မပါရတာလဲ "
" ချွတ်ထားလို့ပေါ့ကွ "
ထင်ရာပြောနေသော ဆောင်းဟွန်းအား ချေပလိုက်သော ဂျေး၏ စကားလုံးကြောင့် ဆောင်းဟွန်း တခဏ တွေဝေသွားသည်။
ချွတ်ထားလို့ ကိုယ်မှာ အဝတ်မပါတာ သူပြောမှလား။
" မင်းပြောမှလား! သိတာပေါ့ ဟာ! ငါလည်း ဘာလို့ အဝတ်မပါတာ "
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘