Episode- 28☯

164 20 8
                                    


" မင်းကလည်းကွာ လာနောက်နေသေးတယ် "

ကိုယ့်နားပင်ကိုယ် မယုံနိုင်သည့် ထိုစကားကို ဆောင်းဟွန်းက ဘာလို့ပြောရမှာလဲ မဖြစ်နိုင်ပါဘူးဟုတွေးကာ ဂျေးက အရယ်နှောကာ ပြောလာသည်။

သို့သော် ဆောင်းဟွန်း၏ မျက်ဝန်းထဲမှ မျက်ရည်တို့က စနောက်နေသည့် သဘော လားလားမျှမဟုတ်။

ထိုမျက်ရည်တို့ပြည့်နေသည့် မျက်ဝန်းလေးကို ဂျေးအကဲခတ်မိသော်ငြား သူမယုံနိုင်ပါ၊ သေချာပေါက် ဆောင်းဟွန်းက သူ့ကိုနောက်နေတာ၊ သူလုံးဝ မယုံဘူး။

" မဟုတ်ဘူးမလား မင်းနောက် နေတာမလား ဟျောင့် နောက်နေတာလို့ပြောလေကွာ ဟျောင့်.. "

ဆောင်းဟွန်း၏ပုခုံးနှစ်ဖက်ကို လှုပ်ကိုင်လျက် အရယ်မပြတ်ဘဲ အသက်မပါသည့်မျက်ဝန်းတို့နှင့် အထပ်ထပ်အခါခါ မေးနေသော်လည်း ဆောင်းဟွန်းဘက်မှ နှုတ်ဆိတ်နေသည်။

" ဟျောင့် ငါပြောနေတယ်လေကွာ မင်းနောက်နေတာမလား.. မင်းနောက်လိုက်တာလို့ပြောစမ်းပါကွာ... "

ဂျေး သူ့မျက်ဝန်းထဲ ပြည့်တက်လာသည့် မျက်ရည်တို့နှင့်အတူ အပြုံးအရယ်လည်း မပြတ်သေးဘဲ ဆက်၍ မေးနေမိသည်။ လက်ကလည်း ဆောင်းဟွန်း၏ ပုခုံးနှစ်ဖက်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်၊

" မင်း.. မင်းဘာလို့ငြိမ်နေတာလဲ... ဟျောင့် ပတ်ဆောင်းဟွန်း မင်းအဲ့လိုနောက်တိုင်း ငါယုံမယ်ထင်နေတာလား မင်းငါ့ကိုအဲ့လိုလုပ်လို့မရဘူး ငါမယုံဘူး ဘာကိုလမ်းခွဲမှာလဲ မင်း အဲ့လိုမပြောတိုင်း ငါက ယုံရမှာလားကွ.. "

ပြောရင်းနှင့် ဂျေး၏ မျက်နှာမှ အပြုံးအရယ်တို့ဟာ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နှင့် ပါးပြင်ထက်လည်း မျက်ရည်တို့က မကျချင်ဘဲ ကျလာကြရသည်။

အဆက်မပြတ်ကျလာသည့် မျက်ရည်တို့ကို မမှုဘဲ ထပ်မံ၍ မေးနေမိလေရဲ့။ သို့ပေမယ့် ဆောင်းဟွန်းဘက်မှ နှုတ်ဆိတ်နေဆဲပင်။

" မင်းကွာ.. နောက်တာလို့ ပြန်ပြောပေးပါကွာ ငါတောင်းပန်ပါတယ် ငါ့ကိုအဲ့လိုမလုပ်ပါနဲ့.... "

မျက်ရည်တို့ကျဆင်းလျက်ရှိနေသည့် မျက်ဝန်းတစ်စုံဖြင့် ဆောင်းဟွန်းအား တည့်တည့်ကြည့်ကာ တောင်းဆိုနေမိသည်။ သူ ဒီအခြေအနေကို ဘယ်လိုမှ လက်မခံနိုင်ပါ။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now