Episode- 12☯

420 51 2
                                    

ရိုက်ကူးရေးရက်ဆုံးတော့ Parisမြို့မှ Seoulမြို့သို့ ပြန်လာခဲ့ကြသည်။

Magazineအတွက် ပြီးပြီဆိုသော်လည်း နောက်ထပ်လာမည့် showတို့ရှိတာကြောင့် ပုံမှန်အတိုင်းဆိုသလို ဆောင်းဟွန်းအလုပ်များရပြန်သည်။

ဂျေးကတော့ Brandဆိုင်ခွဲတွေကို မန်နေဂျာတို့နှင့် လွှတ်ထားပြီး ရှယ်ယာဝင်ထားသည့် လုပ်ငန်းတို့မှ အဆင်သင့်ငွေဝင်တာကြောင့် နေတိုင်းလိုလို ❛ 𝙁𝙤𝙘𝙪𝙨 ❜ သို့သာ သွားပြီး ဆောင်းဟွန်း၏ activityမှန်သမျှကို လိုက်လံစောင့်ကြည့်နေလေသည်။

ဤသို့စောင့်ကြည့်ရသည်မှာလည်း ဘာရယ်တော့မဟုတ်၊ Parisကအပြန် Davidက Seoulကို သူတို့နှင့်အတူ လိုက်လာခဲ့သောကြောင့် ထိုကပြားက ဆောင်းဟွန်းအနား တဝဲလည်လည်လုပ်နေမည်စိုး၍ ဖြစ်သည်။

မပိုင်ဆိုင်နိုင်သေးသော်လည်း တခြားသူလက်ဦးမည်ကိုတော့ လုံးဝကို မနှစ်မြို့ပေ။

ဂျေးထင်ထားသည်မှာမှန်သည်။ မြွေမြွေချင်းခြေမြင်သည်ဆိုသလို သူထင်ထားသည့်အတိုင်း Davidက ဆောင်းဟွန်းအား အမြဲ လိုက်နေသလိုပင်။

မနက်ပိုင်းphoto shootingမစခင်ကတည်းက shootingသို့ ရောက်နေပြီး ယခု နေလည်အထိ ဆောင်းဟွန်းဘေး၌ ရှိနေသည်။

' ဒီကပြားကောင် တော်တော်မွှန်နေတာပဲ '

စိတ်ထဲကနေ ကျိန်ဆဲပြီး ခပ်လှမ်းလှမ်းကနေ ဆောင်းဟွန်းနှင့် Davidကို စောင့်ကြည့်နေသည်။ သူကြည့်နေစဥ်မှာပဲ Davidက ဆောင်းဟွန်းကို တစ်နေရာသွားဖို့ ခေါ်သွားသည်ကို မြင်တော့ အမြန်ပင် သူတို့ရှိရာသို့ ​သွားလိုက်သည်။

သူလာတာကို ဆောင်းဟွန်းကမြင်တော့ ပုံမှန်တိုင်းလှမ်းနှုတ်ဆက်သည်။

" ဂျေးယား ဘယ်လာတာလဲ "

" မင်းဆီလာတာ မင်းက ဘယ်သွားမို့လဲ "

" Davidဟျောင်းက lunchတူတူစားမို့တဲ့ အဲ့ဒါသွားမို့ ဪ မိတ်ဆက်ပေးရအုံးမယ် ဟျောင်း သူက Designerဂျေးလေ ဒီCompanyရဲ့ အစုရှယ်ယာဝင်ပေါ့ "

ဆောင်းဟွန်းက မိတ်ဆက်ပေးတော့ Davidက ဂျေးနှင့် သိပြီးကြောင်း ပြောလိုက်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now