Episode- 10☯

434 47 4
                                    

Parisသို့ သွားရောက်ရိုက်ကူးရမည့် နေ့သို့ရောက်ပြီ ဖြစ်၏။

မန်နေဂျာနင်းမ်နှင့် အတူ ဆောင်းဟွန်း လေဆိပ်သို့ ရောက်နေသည်။ ဂျေးလည်းရောက်နှင့်နေပြီ ဖြစ်၍ သူတို့သူငယ်ချင်းနှစ်ယောက် လာရောက်ကြိုဆိုသည့်လေယာဥ်မယ်လေးများအား မျက်စပစ်ပြီး စကားရောဖောရော လုပ်နေကြသည်။

ဘာရယ်မဟုတ် အပျော်သဘောဖြင့် လူပျိုလှည့်နေသော သူတို့နှစ်ယောက်ကိုကြည့်ပြီး မန်နေဂျာနင်းမ်က ခေါင်းခါ၍ ရယ်မိသည်။ သူ့တူအရွယ်လေးတွေ ဖြစ်တာကြောင့် ကလေးတွေလို့ပဲ မြင်နေတော့သည်။

မကြာမှီ CEO ဟီးဆွန်း လေဆိပ်သို့ရောက်လာပြီး သူတို့ကို တွေ့တော့ လှမ်းနှုတ်ဆက်သည်။ ဟီးဆွန်းအနောက်မှ ကြွကြွရွရွဟန်ပန်နှင့် ခြေလှမ်းလာသည့် အတွင်းရေးမှူးရှင်းမ်ဂျယ်ယွန်းက ဆောင်းဟွန်းကိုတွေ့တော့ ပျော်ပြီး ပြေး၍ ခုန်ကာ ဖက်လိုက်သည်။

" ဆောင်းဟွန်းနီး!! "

" ဂျယ်ယွန်းနီး!!မတွေ့ရတာ နှစ်တွေတောင် များးကြီးကြာပြီ! "

သူတို့ကိုယ်သူတို့ Kdramaဇာတ်ဝင်ခန်းထဲက နှစ်တွေအကြာကြီးဝေးကွာခဲ့ရတဲ့ သူငယ်ချင်းတွေလို အချင်းချင်းဖက်ကာ ဒရမ်မာခင်းနေကြနေတော့ ဘေးက ဂျေးမှာ မျက်ပင်းကတ်လို့လာသည်။

" ဟိုတလောကမှ ကာရာအိုခေအခန်းထဲမှာ မူးရူးနေကြတာ မင်းတို့နှစ်ယောက်လေ ဘာကို နှစ်တွေကြာပြီလဲ!! "

" မင်း ဘာမှ အူတိုမနေနဲ့ ဟွန့် "

ဘုကန့်လန့် ဂျေးကို ဂျယ်ယွန်းက ဒဲ့ပြောချလိုက်တော့ ဂျေး အနာပေါ်တုတ်ကျသွားပြန်သည်။ ဆောင်းဟွန်းကတော့ စနောက်နေကြသည်ပဲ ထင်၍ ရယ်ပဲရယ်နေသည်။

" ဘာကိစ္စ ငါက အူတိုရမှာလဲ "

" အဲ့ဒါတော့ မင်းကိုယ်မင်းပဲ သိမှာပေါ့ "

" ကဲပါ တော်ကြတော့ လေယာဥ်ပေါ်တက်လို့ရပြီတဲ့ "

ဟီးဆွန်းဝင်ထိန်းမှ ဂျေးနှင့် ဂျယ်ယွန်း ငြိမ်သွားပြီး လေယာဥ်ပေါ်တက်ရန် သွားကြသည်။

modelဖြစ်သည့် ဆောင်းဟွန်းနှင့် Designer ဖြစ်သည့် ဂျေးနှင့် CEOဟီးဆွန်းနှင့်အတူ privateလေယာဥ်၌ စီးကြမည်ဖြစ်သည်။ အတွင်းရေးမှူး ဂျယ်ယွန်းကပါ အတူတူလိုက်ပါမည် ဖြစ်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now