ယခုရက်ပိုင်းအတောအတွင်း ဂျေးတစ်ယောက်အတော်လေး အလုပ်များနေသည်။
အလုပ်လုပ်ရာတွင် လောဘကြီးတတ်တာကြောင့် ကြီးကြပ်ရမည့် လုပ်ငန်းတို့အား စီမံနေရသည့်အပြင် မကြာခင်ရက်အတွင်း ကျင်းပမည့် fashion showကြောင့် ဖြစ်သည်။
ယခုအခါကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည်ဖြစ်၍ အရင်လို အခြားDesignerတွေ မပါဘဲ ဂျေး၏ လက်ရာများကိုသာ ပွဲထုတ်သွားမည်။ ❛ 𝙁𝙤𝙘𝙪𝙨 ❜ကုမ္ပဏီက ဂျပန်နိုင်ငံနှင့် ဖက်စက်လည်းဖြစ်တာမို့ ယခုလို Showပြုလုပ်ရန် အကြောင်းပါခြင်းဖြစ်သည်။
ဤသို့ဖြင့် ဂျေးတစ်ယောက်အလုပ်တွေ များနေတော့ မနေ့ကဆိုလျှင် ဆောင်းဟွန်းနှင့် တစ်နေ့လုံးတောင် မတွေ့ဖြစ်ပေ။
ထို့ကြောင့် အလုပ်မှ အိမ်ပြန်ရောက်တာနှင့် ဆောင်းဟွန်းအိမ်သို့ သွားဖို့ပြင်လိုက်သည်။
ညစာစားဖို့ မချက်ရသေးသည်နှင့် ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်ထဲဝင်နေချိန် ရုတ်တရက် အိမ်ရှေ့တံခါးဖွင့်သံကြားလိုက်တော့ ဂျေးဖြစ်နေမည်ဆိုတာကို ဆောင်းဟွန်းတန်းသိသည်။
သူ့အိမ်သော့အပိုကို ဂျေးက ရထားတာကြောင့် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လျက်ရှိသည်။
" ဆောင်းဟွန်းနားးးး "
ဂျေးက အိမ်ထဲသို့ဝင်လာပြီး အော်ခေါ်သော် ဆောင်းဟွန်းက ပြန်မထူး။ ဂျေးလည်း မီးဖိုချောင်ထဲ ဝင်ကြည့်မိတော့ ဆူဆူပုတ်ပုတ်နှင့် တည်ထားသော ရေနွေးအိုးကို ငုတ်တုတ်ထိုင်ကြည့်နေသည့် ဆောင်းဟွန်းအား တွေ့လိုက်သည်။
" ယား ငါခေါ်တာထူးလည်းမထူးဘူး "
အနားကပ်ပြီးပြောသော်ငြား ဆောင်းဟွန်းက ဟိုဘက်လှည့်သွားသည်။ ဆောနူတို့တိုက်တွန်းထားသည့်အတိုင်း မူယာမာယာစတင်ထုတ်သုံးနေခြင်း ဖြစ်သည်။
" အက်မယ် စိတ်ကောက်တာလား "
ဂျေးက မေးတော့ ဆောင်းဟွန်းက လှည့်ကြည့်၍ နှုတ်ခမ်းဆူပြကာ ပြန်လှည့်သွားသည်။
" အယ် ဘာဖြစ်လို့လဲ "
ဆောင်းဟွန်း ပြန်လှည့်ကြည့်လာပြန်သည်။ ဒီဘက်လှည့်လိုက် ဟိုဘက်လှည့်လိုက်နှင့် ဆောင်းဟွန်းကို ဂျေးတော့ နားမလည်နိုင်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘