Episode- 6☯

543 57 4
                                    


" သူလာတော့မယ်! "

dressing roomသို့ အပြေးလေး ဝင်လာသည့် ဝန်ထမ်းကောင်လေး၏ ​ပြောသံကြောင့် ကျန်staffတို့က ပြင်ဆင်ထားသည်တို့ကို အဆင်သင့်လုပ်လိုက်ကြသည်။

တခဏအကြာ ဆောင်းဟွန်းတစ်ယောက် dressing roomထဲ တံခါးဖွင့်ကာ ဝင်လာချိန်၊ သူဝင်ဝင်ချင်း မျက်စိရှေ့မြင်ရသည်တို့ကြောင့် အံ့အားသင့်သွားသည်။ ဝင်လာသည်နှင့် staffတစ်ယောက်က ရှမ်ပိန်ပုလင်းကို ဖောက်၍ အောင်ပွဲခံပေးနေသည်။ ကျန်staffတို့၏ လက်ခုပ်သံတို့ကလည်း ပီတိဖြစ်ချင်စဖွယ်ပင်။

လွန်ခဲ့သည့် တစ်ပတ်က ပွဲဦးထွက်ဖြစ်သည့် show တစ်ခုတွင် ဆောင်းဟွန်း ဝတ်ဆင်ကာ runwayလျှောက်ခဲ့သည့် အဝတ်အထည်တို့က လျင်မြန်စွာပင် စျေးကွက်ကို ထိုးဖောက်၍ sold outဖြစ်ကုန်ကြသည်။

Fashion Modelတစ်ဦးက ဝတ်ဆင်၍ ကြော်ငြာပေးသည့် အဝတ်အထည်သည် ရောင်းအားကောင်းလေ၊ ထိုModelအတွက် အကျိုးရလဒ်များလေ ဖြစ်၏။ သို့ကြောင့် ကုမ္ပဏီ၏ အရောင်းအားလည်း ပို၍တိုးလာရပြီး ရလဒ်ကောင်းများ​ရရှိခဲ့သည်မို့ Modelလောကတွင် စတင်၍ ဆောင်းဟွန်း ခြေချနိုင်ခဲ့ပြီ။

တက်သစ်စ Modelဖြစ်သော်ငြား ဝါရင့်Modelများကဲ့သို့ professionalကျကျဖြင့် ဆောင်ရွက်သွားနိုင်သည့် ပတ်ဆောင်းဟွန်း၏ skillsက တော်ရုံlevelတော့မဟုတ်။

ထို့ပြင် ဆက်ဆံရေးပြေပြစ်ပြီး အပြုံးချိုလေးနှင့် ဆောင်းဟွန်းက staffတို့နှင့် သိတာမကြာသေးသော်ငြား အ​ချိန်တိုအတွင်းပင် staffတို့အပြင် Make up Artistတို့Stylistတို့နှင့်ပါ ခင်မင်ရင်းနှီးသွားသည်။

ဤသည်က ဂျေးနှင့် လားလားမျှမတူ။ အေးအေးဆေးဆေးနှင့် ခပ်တည်တည်နေတတ်သည့် ဂျေးက မောက်မာသည်မဟုတ်သော်ငြား လူတိုင်းပေါ် သဘောမကောင်းပေ။ အရယ်အပြုံးလည်း သိပ်မရှိသူဖြစ်သည်။

သို့သော် သူနှင့် ခင်မင်တော့မှသာ စိတ်ရင်းသိနိုင်ပြီး ပေါတောတောနှင့် ဟာသလည်းလုပ်တတ်သူဖြစ်ကြောင်း သိရသည်။

CEO ဟီးဆွန်းသည်လည်း သူ့ စိတ်ရင်းကိုသိပြီး ညီအစ်ကိုလိုခင်မင်ကြတာကြောင့် ကုမ္ပသီသို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ခွင့်ပေးထားခြင်းပင်။ ဝါသနာအရကြောင့်ရော ရှယ်ယာထည့်ထားသည့် ငွေတွေကြောင့်ပါ ဟီးဆွန်း၏ ကုမ္ပဏီ၌ Designerလုပ်နေခြင်းဖြစ်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now