Episode- 18☯

974 56 0
                                    

လိုက်ကာမကာထားသည့် ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်တို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဆောင်းဟွန်း၏ မျက်နှာဖွေးဖွေးပေါ် ကျရောက်သွားသည်။

မျက်လုံးတစ်စုံကိုမှိတ်ထားသော်လည်း နေထိုးလို့ စူးကနဲဖြစ်သွားတာနှင့် လေးလံနေသည့် မျက်ခွံတို့ကို ဖွင့်လိုက်ရသည်။ လက်ဖြင့် မျက်လုံးတို့ကို ပွတ်သပ်ရင်း ငူငူငိုင်ငိုင်လေးဖြစ်နေလေရဲ့။

အိပ်နေရာမှ မထသေးဘဲ အ​ညောင်းအညာဆန့်ကာ ဘေးဘက်သို့ ခေါင်းစောင်း၍ ကြည့်မိတော့ အဝတ်ဗလာနှင့် ဂျေးက နှစ်ခြိုက်စွာ မှောက်အိပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခါ အိပ်ချင်နေသေးသော မျက်လုံးတွေတောင် ရုတ်ချည်းဆိုသလို ဝိုင်းစက်သွားသည်။ မောင်မင်းကြီးသားက အိပ်နေလိုက်တာများ အပြစ်ကင်းစင်နေသည့် ကလေးလေးရုပ်နှင့်၊ ညက ထင်တိုင်းကြဲထားတာ သူမဟုတ်သလို။

ညက အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် မြင်ယောင်လာတာနှင့် ချက်ချင်းပဲ ထထိုင်လိုက်သည့်အခါ ခါးနှင့် အောက်ပိုင်းတစ်နေရာက နာကျင်ကိုက်ခဲနေတာကြောင့် ပြန်လဲကျသွားရသည်။

မဖြစ်သင့်တာ ဖြစ်သွားပြီဟူသည့် အတွေးကြီးက ဂျေးနှင့် မျက်နှာချင်းမဆိုင်နိုင်အောင် သူ့အား ထိန်းချုပ်ထားသည်။ ဖြစ်တာကလည်း သူငယ်ချင်းနှင့်မှလေ။ အချိန်ကြာအောင် ရင်းနှီးလာသည့် သူနှင့်မှ ဖြစ်ရသလား။

အလိုမကျမှုတို့နှင့် ကြမ်းပြင်ပေါ်ကျနေသည့် အဝတ်တို့အား ဝတ်ရန် အိပ်ယာမှ နောက်တစ်ကြိမ် ထထိုင်ရန်ကြိုးစားသော်လည်း အောက်ပိုင်းတစ်နေရာက စူးကနဲ ထပ်မံနာကျင်လာပြန်သည်။

နာလို့ ငြီးသံလေးထွက်လာတော့ နိုးနေပြီဖြစ်သည့် ဂျေးက ထလာပြီး စိတ်ပူနေသော အကြည့်တို့နှင့်၊

" ဆောင်းဟွန်းနား.. ရရဲ့လား "

ဂျေးက သူ၏ခါးလေးကို ကိုင်ပြီး မေးလာပေမယ့် သူကတော့ ဂျေးအား မျက်နှာချင်းမဆိုင်နိုင်။ ယခုအခြေအနေက ပတ်ဆောင်းဟွန်းအတွက် ဆိုးလွန်းလှပါသည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now