" modelဆောင်းဟွန်းက ပန်းချီတွေကို သဘောကျတယ်ထင်တယ်..? "
နားထဲဝင်လာသည့် ယောက်ျားတစ်ဦး၏ ခပ်အောအောအသံကို ကြားသည်နှင့် ဘေးသို့ လှည့်၍ ကြည့်လိုက်တော့ နိုင်ငံခြားသားမျက်နှာပေါက်နှင့် အသက်နှစ်ဆယ့်ငါးနှစ်ကျော်ကျော်လောက်ရှိမည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။
ထိုသူ၏ ခန့်ညားနေသော မျက်နှာအထက်၌ ထူထဲသော မျက်ခုံးတစ်စုံ၊ ကကြီးပုံသဏ္ဍာန်မထူမပါးနှုတ်ခမ်းတို့က မြင်သူတိုင်းကို စွဲမက်သွားစေသည်။
သူ၏ ပြာလဲ့နေသော မျက်ဝန်းများနှင့်သာ အကြည့်ချင်းဆုံမိလျှင် သမုဒ္ဒရာအတွင်း နစ်ဝင်သွားမိသလားဟု ထင်ရအောင်ကို ရွှင်းစို၍ တောက်ပနေသော အပြာရောင် မျက်ဝန်းတို့အား ခံစားမိနိုင်သည်။
ဤမျှ ခန့်ညားသူ၏ မေးစေ့၌ ရေးရေးသာပေါက်နေသည့် ခပ်စိမ်းစိမ်း မုတ်ဆိတ်မွှေးအနည်းငယ်တို့က ယောက်ျားပီသသော ကြင်အင်လက္ခဏာအား ဖော်ကြူးနေ၏။
ထိုသူကို မြင်မိတော့ ဆောင်းဟွန်းအတိုင်းအတာ အနည်းငယ်မျှ မှင်သက်သွားသည်။ ယောက်ျားဆန်ပြီး ချောမောနေမှုနှင့် ထိုသူဝတ်ဆင်ထားသော formal suitsက အတိုင်းထက်လွန် ခန့်ညားနေသည်။
ဤတိုင်းတစ်ပါးသားက သူ့အား ကိုရီးယားဘာသာဖြင့် စကားလာပြောတော့ ဆောင်းဟွန်းကလည်း ယဥ်ကျေးစွာပင် တုံ့ပြန်လိုက်သည်။
" ဟုတ်တယ်ဗျ ဒါနဲ့ ကျွန်တော့်ကို ဘယ်လိုသိတာလဲဟင် "
" ဪ ကိုယ့်အကြောင်းကို Ethanမပြောထားဘူးထင်တယ် "
" ဗျာ Ethanက? "
" ဆောင်းဟွန်းတို့ CEO ဟီးဆွန်းလေ သူက ကိုယ့်ဝမ်းကွဲညီပါ ကိုယ့်အမေက ကိုရီးယားလူမျိုးလေ Ethanအမေနဲ့ ညီအမအရင်းတွေပေါ့ "
" ဪ သဘောပေါက်ပြီဗျ "
" ဆောင်းဟွန်းကို သိတာကြာပြီ လူချင်းခုမှ တွေ့ဖူးတယ် ကိုယ်က ဆောင်းဟွန်းရဲ့ ပရိတ်သတ်တစ်ယောက်ပါ "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ ဒါနဲ့ နာမည်ဘယ်လိုခေါ်လဲမသိဘူး "
" Davidလို့ပဲခေါ်နိုင်ပါတယ် "
" ဟင် ဒီပန်းချီဆရာနာမည်နဲ့တောင် ခပ်ဆင်ဆင်- မဟုတ်မှလွဲရော.. အရင်ဘဝက- "
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Lãng mạnခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘