လူအရောက်အပေါက်နည်းသည့် ရပ်ကွက်လေးတစ်ခု၌ ဖွင့်ထားသော ကော်ဖီဆိုင်လေး၏ ပတ်ဝန်းကျင်က အေးချမ်းစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။နံနက်ခင်းဖြစ်တာမလို့ ဆိုင်လေးအရှေ့ရှိ လူသွားလမ်းတွင် သက်ကြီးရွယ်အိုဖိုးဖိုးဖွားဖွား အချို့တို့ ကျန်းမာရေးအရ လမ်းလျှောက်ထွက်နေသည်ကို မြင်တွေ့နိုင်သည်။
ဆိုင်အတွင်း၌လည်း တိုးညှင်းစွာ ဖွင့်ထားသည့် ငြိမ့်ညောင်းသော ဂန္တဝင်သီချင်းသံလေးသည်လည်း နားဝင်ချိုနေပြန်လေရဲ့။ သစ်ပင်ပန်းပန်တို့ဖြင့် သဘာဝဆန်သော အပြင်အဆင်တို့ကြောင့်လည်း စိတ်ကို အေးချမ်းမှုပေးစွမ်းစေသေးတာ အမှန်ပင်။
၎င်းကော်ဖီဆိုင်လေးအတွင်းရှိ အရာလေး တစ်ခုချင်းစီကိုက အေးချမ်းနေပြီး ဆောင်းဟွန်းအတွက် တစ်ယောက်ထဲ စာထိုင်ဖတ်ရန်အကောင်းဆုံး နေရာပင်။
ယနေ့ သင်တန်းမရှိသည်နှင့် ဆောင်းဟွန်းတစ်ယောက် အနားယူရန် ဒီကော်ဖီဆိုင်ကလေးသို့ တစ်ယောက်တည်း လာခြင်းဖြစ်သည်။
ဆိုင်လေး၏ ထောင့်တစ်နေရာတွင် နေရာယူ၍ အကြိုက်ဆုံး ဝတ္ထုလေးအား ထိုင်ဖတ်နေလိုက်သည်။ သောက်နေကျဖြစ်သည့် အကြိုက်ဆုံး vanilla latteကလည်း မပါမဖြစ်။
ဆောင်းဟွန်း ဝတ္ထုထိုင်ဖတ်နေရင်း ဆိုင်အတွင်းမှမှန်ဖြင့်ကာထားသည့် အပြင်ဘက်သို့ ငေးကြည့်မိသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်သောကြောင့် ငြိမ်းချမ်းနေသည်ကိုတွေ့ရသည်။
ဖွားဖွားလေးကျနေသည့် နှင်းပွင့်ဖက်လေးတွေကို ငေးကြည့်နေမိပြန်သည်။ ဆိုင်အတွင်းတွင်တော့ နွေးနေပေမယ့် အပြင်၌တော့ အနည်းငယ် ချမ်းစိမ့်နေလိမ့်မည်။
ထိုစဥ် ဆိုင်သို့ဝင်သည့် တံခါးဝမှ ဘဲလ်လေးမြည်သံကြားမိသည်။ ဆိုင်သို့ ဧည်သည်တစ်ယောက်လာသည် ထင်သည်။ ပတ်ဝန်းကျင်အား ဂရုမစိုက်တတ်သည့်သူဖြစ်တာကြောင့် ၎င်းအသံကြားရာကို ကြည့်မနေဘဲ ဝတ္ထုစာအုပ်သာ ဆက်၍ဖတ်နေသည်။
ထိုအခါ စောနကမှ ဝင်လာသည့် ဧည့်သည်က ဆောင်းဟွန်းထိုင်နေသည့် ဝိုင်းအနားသို့ ရုတ်တရက် ပြေးလာသည်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romantizmခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘