Episode- 4☯

553 66 8
                                    

ဆောင်းဦးကာလ၊ ပတ်ဝန်းကျင်အား ဖြူဖွေးစင်ကြယ်နေသော နှင်းပွင့်တို့ ဖုံးလွှမ်းလျက်ရှိသည်။ အေးမြစွာ တိုက်ခတ်လာသော ဆောင်းလေတို့သည် အလွန်ပင် လန်းဆန်းစေ၏။

သစ်ပင်အချို့တို့၏ သစ်ရွက်တို့ပေါ် နှင်းစက်ကလေးများက တွဲခိုနေသည်။ အိမ်ခေါင်မိုးများအထက် ၌လည်း နှင်းတို့ ဖုံးလွှမ်းနေသည်။ ကြည့်လိုက်သည့် အရာတိုင်းတွင် နှင်းတို့၏ ဖြူဖွေးစင်ကြယ်မှုအား မြင်နိုင်သည်။

မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် ဝေးဝေးက အရာများအား သဲသဲကွဲကွဲမမြင်နိုင်ပေ။ သို့သော် ကောင်းကင်အထက်၌ ထွက်ပေါ်လာသည့် နီနီဝင်းဝင်း နေမင်းကိုတော့ မြူခိုးများရှိသော်လည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ထွက်ပေါ်လာသည့် နေမင်း၏ ရောင်ခြည်သည် အနည်းငယ် ဟထားသည့် ပြတင်းပေါက်အား ဖြတ်သန်းလာပြီး

ဆောင်းလေအေးအေးနှင့် နှစ်ခြိုက်စွာပင် အိပ်စက်နေသော ဆောင်းဟွန်း၏ မျက်နှာဖွေးဖွေး ပေါ်သို့ ကျရောက်လာသည်။

ဤသို့တောက်ပ၍ စူးရှသော နေမင်းကြီး၏ ရောင်ခြည်ကတောင် ပတ်ဆောင်းဟွန်းအား နိုးထလာစေရန် မစွမ်းဆောင်နိုင်ပေ။

မျက်နှာနေထိုးလည်း ထိုးမှန်းတောင်မသိ ဆက်၍ အိပ်နေလိုက်တာ အချိန်သည်ကား ၁၀နာရီထိုးပြီ။

___________________________
___________________________

ယနေ့သည်ကား ဆောင်းဟွန်းကို ❛ 𝙁𝙤𝙘𝙪𝙨 ❜ ကုမ္ပဏီက Audition ခေါ်ထားသည်ဖြစ်သောကြောင့် ဂျေးတစ်ယောက် ဆောင်းဟွန်းအစား စိတ်လှုပ်ရှားနေလေသည်။

ကာယကံရှင်ကတော့ နိုးတောင်မနိုးသေး..

Auditionက ၁၁နာရီ ကုမ္ပဏီသို့ အရောက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် ဂျေး မှာစရာရှိတာမှာရန် ဆောင်းဟွန်းနေသည့် တိုက်ခန်းသို့ သွားလိုက်သည်။

ဆောင်းဟွန်းက ဂျေးအား လိုရမယ်ရ သော့တွဲအပို ပေးထားသောကြောင့် ထိုသော့နှင့်သာ ဖွင့်၍ ဝင်လာလိုက်သည်။

ဧည့်ခန်းထဲ ကြည့်တော့ ဆောင်းဟွန်းကမရှိ၊ မနက်စာစားနေပြီထင်ပြီး မီးဖိုချောင်ဘက်ကြည့်တော့လည်းမရှိ၊ သူ့အခန်းထဲသာ ဝင်၍ ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now