Episode- 13☯

416 54 2
                                    

ယနေ့ဆိုလျှင် ဂျေးတို့၏ Survival showစတင်၍ ထုတ်လွှင့်ခဲ့သည်မှာ နှစ်ပတ်ခန့်ရှိပြီ။

အစီအစဥ်က fashionနှင့် ပတ်သတ်သည်မို့ စိတ်ဝင်စားစရာကောင်းပြီး ပါဝင်သည့် အနုပညာရှင်တိုကလည်း ဒိတ်ဒိတ်ကြဲတွေဖြစ်တော့ လူကြည့်များသည်။

မနက်ဖြန် ရိုက်ကူးမည့် Episodeအတွက် အထူးဧည့်သည်အနေဖြင့် modelနှစ်ဦးအား ခေါ်ထားသည်။

သူတို့က အခြားတော့မဟုတ်၊ model ဆောင်းဟွန်းနှင့် soloist ဟာယွန်းဖြစ်သည်။ ပြီးခဲ့တဲ့ Paris Magazineမှာကတည်းက သူတို့နှစ်ဦးစလုံး၏ အောင်မြင်မှုက အရင်ကထက် ပို၍ တိုးတက်လာသည်။

Parisတွင်တောင် fanတို့ရှိနေကြပြီး International အထိကျော်ကြားသွားခဲ့သည်။ ဒီကြားထဲတွင် ဆောင်းဟွန်းက New York fashion weekတွင် Cat walk showတက်ရောက်ခဲ့တာကြောင့် ပို၍တောင် အောင်မြင်မှုတွေရလာသည်။

ဂျေးကတော့ အထူးဧည်သည်အနေနှင့် ဆောင်းဟွန်းပါဝင်မည်ကို ကြားတော့ အတော်လေးကို ပျော်နေမိသည်။ သို့သော် ဟာယွန်းက ပါနေပြန်တော့ သူဂျယ်လီနင်ရဦးမည်။

တစ်ဖက်တွင် ဆောင်းဟွန်းကတော့ ထိုshowတွင် ပါဝင်ရမည်ကို စိတ်တောင်မဝင်စားပေ။ သူ့ဟာနှင့်သူ စိတ်မကြည်မလင်နှင့် ယခုလည်း dressing roomအတွင်း makeupနူးနားတို့ကို စောင့်ရင်း ဖုန်းကြည့်နေသည်။

ပျင်းပျင်းရှိတာနှင့် သူ့ကိုယ်ပိုင်secret accနှင့် TikTokကြည့်နေလိုက်သည်။ Official accမဟုတ်တာကြောင့် likeပေးချင်သလောက်ပေးလို့ရပြီး လွတ်လွတ်လပ်လပ်ကြည့်နေသည်။

အကြံတစ်ခုရပြီး DesignerJayဟူသော hashtagကို ဝင်ကြည့်လိုက်တော့ ဂျေး၏ fanတို့ တင်ထားသည့် ဂျေး၏ videoများကို တွေ့တော့ ပြုံးမိသွားသည်။

ယခု survival showက momentsတွေပါတင်ထားတာတွေ့ရသည်။ ဒိီလိုကျတော့ ဂျေးသည်လည်း သူ့နယ်ပယ်တွင် သူအောင်မြင်နေတာပါပဲ။

ထိုစဥ် Hashtagတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားသည်နှင့် ဝင်ကြည့်မိလိုက်သည်။ Jaywonဟူသည့် Hashtagနှင့် viewerတွေက အတော်လေးကို များနေသည်။

videosတွေထဲ ဝင်ကြည့်မိတော့ သူတစ်မျိုးကြီး ခံစားလိုက်ရသည်။ ဂျေးနှင့် ဂျောင်ဝန်း၏ Momentsတို့ကို သဘောကျသည့် fanတို့ကတော့ ဘာရယ်မဟုတ်ဘဲ တင်ထားသော်လည်း ဆောင်းဟွန်း မြင်လိုက်ရတော့ စိတ်ထဲတွင် ကန့်လန့်ကြိီးဖြစ်သွားသလို ခံစားရသည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now