Part1

736 32 6
                                    

Unicode

ကိုကိုချစ်သည်တစ်ခြားသူများ၏အတွေးများကိုကြားလိုလျှင်ကြားနိုင်စွမ်းရှိသည့်မွေးရာပါစွမ်းရည်ပါလာသည့်ကောင်လေးတစ်ယောက်ပင်...

သို့သော်လူတွေ၏အတွေးများကိုကြားနေရသည်မှာစိတ်ရှုပ်ဖွယ်ကောင်းလွန်းလှသဖြင့်တော်ရုံတန်ရုံဆိုသူတစ်ခြားသူများ၏အတွေးကိုကြည့်လေ့မရှိ...privacy ကိုချိုးဖောက်သလိုခံစားရသည့်အတွက်လိုအပ်သည့်အခါမှသာသူ၏စွမ်းရည်ကိုသုံးလေ့ရှိသည်...

သူ့တွင်ဒီစွမ်းရည်တစ်ခုပဲရှိတာလားဆိုရင်တော့မဟုတ်...တစ်ချို့ဖြစ်ရပ်များကြောင့်ပေါ်ထွက်လာသည့်တစ်ခြားစွမ်းရည်တစ်ခုရှိသေးသည်....ထိုစွမ်းရည်သည်နောင်ဖြစ်လာမည့်အရာများအတွက်အသုံးဝင်မည်မှာသေချာလေသည်...

အခုသူအပြင်သွားရန်ပြင်ဆင်နေခြင်း.....အတိအကျပြောရလျှင်လူတစ်ယောက်နဲ့သွားတွေ့ရန်ပြင်ဆင်နေခြင်းပင်...

ထိုသူနှင့်သူသည်facebookတွင်ရင်းနှီးခဲ့ခြင်းဖြစ်သည်...သူနှင့်ဝါသနာတော်​တော်များများတူ၍ထိုသူနှင့်လွယ်လွယ်ကူကူပင်ရင်းနှီးခဲ့သည်...

ထိုသူသည်သူ့နှင့်အပြင်မှာတွေ့၍စကားပြောချင်သည်ဟုတောင်းဆိုလာလေသည်....သူလဲခင်မင်လာခဲ့သည်မှာတစ်နှစ်ပင်ရှိပြီဖြစ်သောကြောင့်သူလက်ခံလိုက်သည်...ဒါပေမယ့်ဘယ်သူသိမှာလဲ...ထိုသူကသူတို့အချိန်တော်တော်ကြာရှာဖွေနေခဲ့ရသူဖြစ်နေခဲ့တာကို...

..........................
အဝတ်အစားကိုပေါ့ပေါ့ပါးပါးတီရှပ်အဝါနုလေးနှင့်ဒူးအထက်ဘောင်းဘီလေးကိုသာရွေးချယ်လိုက်ပြီးချိန်းထားသည့်နေရာသို့ထွက်လာလိုက်သည်....

coffeeဆိုင်ထဲရောက်တော့all blackဝတ်ထားမည်ဟုဆိုသောထိုသူကိုရှာသောအခါချက်ချင်းပင်တွေ့လေသည်။

ထိုသူသည်အလွန်ခန့်ညားပြီးတည်တည်တံ့တံ့ရှ်ိသည်ကိုတော့အသိအမှတ်ပြုရပေမည်..

ထိုသူ့အနားသို့သွား၍facebook accountကနာမည်ကိုသာခေါ်လိုက်သည်...

''hello...အကိုdarkလားမသိဘူး''

ထိုသူကခေါင်းညိတ်ပြလာကာ...

''lightလား?''

''ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်''

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now