Unicode
အဖွဲ့ကိုယ်စီကိုယ်စီတောင်တန်းများထဲဝင်သွားကြသည်။
ကိုကိုချစ်တို့လည်းတောင်တန်းများထဲဝင်လိုက်သည်။
နတ်ဘုရားငယ်မင်းသတ္တိကအချိန်သုံးရက်ပြည့်သွားလျှင်မူလစမှတ်ကိုအလိုလိုပြန်ရောက်လာလိမ့်မည်ဟုဆို၍လမ်းပျောက်မှာက်ိုစိုးရိမ်စရာမလိုပေ။
တောအုပ်ကြီးကမှုန်မှိုင်းနေလေ၏။တိရစ္ဆာန်ဟူ၍တစ်ကောင်မှမရှိပေ။
ကိုကိုချစ်တို့ဆက်သွားနေရင်းဂူတစ်ဂူကိုတွေ့လိုက်ရ၍ထိုဂူထဲဝင်ကာအသက်ကတ်ပြားကိုရှာလိုက်ကြသည်။
ထိုစဥ်...
''ဝေါင်းးးးး!''
ဟူသောဟိန်းသံကြီးပေါ်လာကာအတောင်ပံများပါသည့်ခြင်္သေ့ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။
ထိုခြင်္သေ့ကြီးကမာန်ဖီလာကာကိုကိုချစ်တို့ကိုလှည့်ပတ်ကြည့်နေသည်။
ကိုကိုချစ်တို့မှာလည်းပန်းနွယ်လက်ပတ်များကိုပျော့ပြောင်းခိုင်ခံ့သောကြိုးအဖြစ်သာပြောင်းလိုက်ကြသည်။ဤခြင်္သေ့ကြီးကအစောင့်အရှောက်သက်သက်သာဖြစ်၍ထိခိုက်အောင်မလုပ်ချင်ပေ။ထို့ကြောင့်သာထိခိုက်မှုနည်းမည့်ကြိုးအဖြစ်သာပြောင်းလိုက်ကြခြင်းဖြစ်သည်။
လေးယောက်လုံးမှာတစ်ယောက်နှင့်တစ်ယောက်ချိတ်အဆက်မိသည်မို့တစ်ယောက်ဆိုလိုချင်သည်ကိုတစ်ယောက်ကသိသည်။
ထို့ကြောင့်ပင်တူညီသောလက်နက်များအဖြစ်ပြောင်းနိုင်ခြင်းပင်။
ကိုကိုချစ်ကကြိုးကိုလက်တွင်ခဏပတ်ထားလိုက်ပြီးစောင်းကိုထုတ်လိုက်ကာ၊တိုက်ခိုက်မည်ပြုနေသောခြင်္သေ့ကြီးမရောက်လာမီ၊စောင်းကြိုးများကိုတီးခတ်လိုက်သည်။ခြင်္သေ့ကြီးကခဏတာငြိမ်ကျသွားတော့မိုးတိမ်ကညှို့ငင်နိုင်စွမ်းကိုသုံးလိုက်သည်။ခြင်္သေ့ကြီးမှာအရင်တစ်ခေါက်ကနဂါးကြီးကဲ့သ်ို့ပင်မိုးတိမ်ကိုခြင်္သေ့များ၏အရှင်သခင်ကဲ့သို့မြင်သွားကာဝပ်တွားလာသည်။
ခြင်္သေ့ကြီးအသိပြန်မဝင်ခင်မှာကိုကိုမောင်နှင့်ရူပကကြိုးဖြင့်ခြင်္သေ့ကြီးကိုရစ်ပတ်လိုက်သည်။
أنت تقرأ
My lovely Ko Ko Maung(Season1)(complete)
عاطفيةရှိုင်းထက်ကိုကိုမောင်💗ကိုကိုချစ် my lovely ko ko maung S1 (start date-24.4.2023 end date-31.5.2023) save your life S2(ongoing) ချိုမြိန်သောအဆိပ်တစ်ခွက် S3(ongoing)