Unicode
ကိုကိုချစ်တို့ဆူးနွယ်တွေနားသွားလိုက်သည်နှင့်နွယ်များကလှုပ်ရှားလာကာကိုကိုချစ်တို့ကိုရိုက်ခတ်လာသည်။
ကိုကိုချစ်တို့မှာမထင်မှတ်ထားတာကြောင့်အံ့သြ သွားရသည်။ဒီဆူးနွယ်တွေကနွယ်ရှင်တွေဖြစ်နေသည်မဟုတ်ပါလား။
ရိုက်ခတ်လာသောနွယ်များကိုရှောင်ရှားရင်းမိုးတိမ်ကသူ၏ထိုးထွင်းသိမြင်နိုင်စွမ်းကိုသုံးလိုက်သည်။
တပ်နေကျရွှေကိုင်းနှင့်မျက်မှန်ကိုလည်းပြုတ်ကျမည်စိုး၍ချွတ်ထားကာလက်ထဲတွင်ကိုင်ထားရင်းကိုကိုချစ်ကိုလှမ်းပြောလိုက်၏။
''စောင်းက်ိုသုံးကြည့်...ဒီနွယ်တွေကနွယ်ရှင်ဆိုတော့အလုပ်ဖြစ်တယ်!''
သူတို့စောင်းကိုရွေးလိုက်တုန်းကစောင်းထည့်ရန်အတွက်နေရာလွတ်လက်ပတ်လေးပါ ပါလာလေသည်။ထိုလက်ပတ်ထဲသို့စောင်းကိုထည့်လို့ထုတ်လို့ရ၍စောင်းကြီးတစ်ကားကားသယ်စရာမလိုတော့ပေ။
ထိုနေရာလွတ်လက်ပတ်သည်တရုတ်သိုင်းဝတ္ထုတွေထဲမှနေရာလွတ်လက်စွပ်နှင့်ပင်တူနေသေးသည်။
ကိုကိုချစ်ကသူ၏လက်ကောက်ဝတ်သေးသေးလေးတွင်ပတ်ထားသောအနီရောင်လက်ပတ်လေးထဲမှစောင်းက်ိုထုတ်လိုက်သည်။
ဟင်္သာ ပုံစံထွင်းထုထားကာရွှေရောင်တောက်ပနေသောစောင်းသည်ကိုကိုချစ်၏ရွှေလိုဝင်းနေသောမြန်မာအသားအရည်နှင့်ပရံသင့်နေသည်။ထိုရွှေရောင်စောင်းသည်ကိိုကိုချစ်၏လှပသောအသားအရည်ကိုပိုမိုဝင်းပအောင်ထောက်ပံ့ပေးနေသလိုပင်။
ကိုကိုချစ်၏သွယ်လျသေးငယ်သောလက်ချောင်းလေးများကစောင်းကြိုးများနှင့်ထိခတ်သွားသည်နှင့်အေးချမ်းသောစောင်းသံလေးကထွက်လာသည်။
ကိုကိုချစ်တို့ကိုရိုက်ခတ်နေသည့်ဆူးနွယ်များမှာချက်ချင်းပင်ညင်သာသွားကာ ကိုကိုချစ်၏အနားကိုရောက်လာ၏။
ကိုကိုချစ်မှာသီချင်းဆိုရသည်ကိုဝါသနာပါ၍ငယ်စဥ်ကတည်းကတူရိယာမျိုးစုံကိုတီးတတ်၊ခတ်တတ်အောင်ပါသင်ယူထားခဲ့သည်။မြန်မာ့ရိုးရာတူရိယာများကိုဦးစားပေး၍သင်ယူခဲ့လေသောကြောင့်သူ့ကိုကျွမ်းကျင်သူဟုပင်ပြော၍ရလေသည်။
ESTÁS LEYENDO
My lovely Ko Ko Maung(Season1)(complete)
Romanceရှိုင်းထက်ကိုကိုမောင်💗ကိုကိုချစ် my lovely ko ko maung S1 (start date-24.4.2023 end date-31.5.2023) save your life S2(ongoing) ချိုမြိန်သောအဆိပ်တစ်ခွက် S3(ongoing)