Part25

73 5 0
                                    

Unicode

ရူပလည်းထိုလူကိုကွင်းပြင်သို့ရောက်အောင်တိုက်ခိုက်လိုက်ပြီးမူလပုံသို့ပြန်ပြောင်းလိုက်လေသည်...မြူအဖွဲ့ရှ်ိကျန်သုံးယောက်ကသတိကပ်လိုက်ကာလူခွဲတိုက်ခိုက်မနေဘဲအဖွဲ့လိုက်တိုက်ခိုက်တော့သည်...

ကိုကိုမောင်ကလည်းကိုကိုချစ်အနားရောက်လာသည့်မြူအဖွဲ့သားများကိုပြန်လည်တိုက်ခိုက်နေကာမိုးတိမ်ကလည်းသူ၏ညှို့ငင်နိုင်စွမ်းကိုထုတ်ဖော်၍မရတော့ထိုးထွင်းသိမြင်နိုင်စွမ်းကိုသုံးကာမြူအဖွဲ့သားများအမှန်တကယ်ရှိနေသည့်နေရာများကိုပြောပြပေးနေ၍ကိုကိုချစ်တို့အုပ်စုတိုက်ခိုက်ရတာပိုအဆင်ပြေလာသည်...ကိုကိုချစ်နှင့်ကိုကိုမောင်လည်းစွမ်းရည်ကိုမသုံးသေးသလိူမြူအဖွဲ့ကလည်းတစ်ချို့စွမ်းအားများကိုမသုံးသေးပေ....

အချိန်အနည်းငယ်ကြာတော့မြူအဖွဲ့ကစတင်လှုပ်ရှားလာသည်...ပြိုင်ကွင်းတစ်ခုလုံးကိုမြူများဖြင့်ဖုံးလွှမ်းစေလိုက်တော့ကိုကိုချစ်တို့တစ်ယောက်နှင့်တစ်ယောက်မမြင်နိုင်ဖြစ်ကုန်သည်...

မြူအဖွဲ့ကတော့ပြိုင်ကွင်းထဲရှိမြူများနှင့်တစ်သားတည်းလိုဖြစ်နေပြီးလျင်မြန်စွာလှုပ်ရှားနေကြသည်...ကိုကိုချစ်တို့တန်ပြန်တိုက်ခိုက်သော်လည်းမြူအဖွဲ့သားများကတည်နေရာရွှေ့ပြောင်းလိုက်သလိုပျောက်ပျောက်သွားသည်သာ...အသံတွေလည်းကြားနိုင်စွမ်းမရှိတော့ပေ...

ကိုကိုချစ်လည်းသူ့မွေးရာပါစွမ်းရည်ကိုသုံးလိုက်၏...သူ့မွေးရာပါစွမ်းရည်ကအတွေးများကိုနားထောင်နိုင်ရုံမကဘဲတွေးသည့်သူကမည်သည့်နေရာတွင်ရှိနေသည်ကိုပါအာရုံခံနိုင်သည်...

ထိုစွမ်းရည်ကိုပြိုင်ကွင်းတစ်ခုလုံးသို့ကျယ်ပြန့်အောင်ဖြန့်လိုက်တော့ကွင်းတစ်ခုလုံးရှိလူတွေ၏အတွေးကိုကြားနေရသည်...တစ်ခါတစ်ရံမှကြားလေ့ရှိသောကိုက်ို​မောင်၏အတွေးများက်ိုပါကြားလိုက်ရသည်....ကိုကိုမောင်ကသူ့ကိုမမြင်ရ၍စိတ်ပူနေသည်ထင်သည်အတွေးတွေကယောက်ယက်ခတ်နေတော့သည်...

'ဒီသားကောင်ကိုအရင်ရှင်းရမယ်'

ဟူသောအတွေးကိုသူ့နားမှကြားလိုက်ရ၍ထိုလူရှိနေမည့်နေရာကိုခန့်မှန်းပြီးအားနှင့်ရိုက်လိုက်တော့ထိုလူကအားကနဲတစ်ချက်အော်လိုက်ကာကွင်းပြင်ရောက်သွားသည်...

My lovely Ko Ko Maung(Season1)(complete)Tahanan ng mga kuwento. Tumuklas ngayon