Part12

136 8 0
                                    

Unicode

29.5.2015 (သောကြာနေ့)

ကိုကိုချစ်၁၉နှစ်ပြည့်မွေးနေ့သို့ရောက်ခဲ့လေပြီ...မွေးနေ့အတွက်ထွေထွေထူးထူးတော့မလုပ်ဖြစ်ဘုန်းကြီးကျောင်းသို့ဆွမ်းဂျိုင့်ပို့၊ဘုရားသွားပြီးညနေဘက်ကျမှcakeခွဲရန်ပြင်ဆင်ထားသည်...

သို့သော်မထင်မှတ်ထားသည့်အရာတစ်ခု​​​​ဖြစ်ပွားသွားလေသည်...ဘုရားမှအပြန်တွင်ကိုကိုချစ်၏အဖေနှင့်အမေကအရင်ပြန်သွားကြကာကိုကိုချစ်၊ရူပ၊မိုးတိမ်နှင့်ကိုကိုမောင်တို့ကကိုကိုမောင်၏ကားနှင့်ပြည်သူ့ရင်ပြင်သို့သွားလည်ကြရာလမ်းတွင်...

''ကိုကိုမောင်!အရှေ့မှာကားကြီး!''

ကုန်တင်ကားတစ်စီးက ကိုကိုမောင်၏ကားကိုဝင်တိုက်မိမလို​ဖြစ်တော့ကိုကိုချစ်အော်လိုက်မိသည်...ကိုကိုမောင်ကလဲမနည်းရှောင်လိုက်ရသည်....ထိုမှသာအကုန်စိတ်အေးသွားရသည်..

ထိုစဥ်မိုးတိမ်ကပြောလာသည်...

''အသက်ကတ်ပြားကိုငါတို့မရခဲ့ရင်နောက်တစ်ခါဆိုတကယ်သေရလိမ့်မယ်...သေရမယ့်ကံကြမ္မာကနီးလာပြီ...''

အကုန်လုံးကလေးနက်သွားကြသည်...ထို့နောက်ပြည့်သူ့ရင်ပြင်ကိုဆက်မသွား​ဖြစ်တော့ဘဲအိမ်သို့သာပြန်လာလိုက်ကြသည်.. လူကြီးတွေကိုတော့စိတ်ပူနေမှာစိုး၍မပြောဖြစ်...

ကိုကိုချစ်ဆုံးဖြတ်ချက်တို့ခိုင်မာသွား၏...သူတို့ကဘယ်အချိန်သေမှန်းမသိသည့်အခြေအနေတွင်ရှိနေသည်...ထို့ကြောင့်အနားမှာရှိနေတဲ့သူတွေကိုအတတ်နိုင်ဆုံးတန်ဖိုးထားရမည်...သူဒီလက်ရှိအချိန်လေးကိုပျော်ပျော်နေမည်...နောက်မှ​ေနာင်တရသည့်အ​ဖြစ်မျိုးမ​ဖြစ်အောင်နေမည်ဖြစ်သည်....

ညနေဘက်ကျတော့ရူပနှင့်မိုးတိမ်တို့မိသားစုတွေကိုပါအိမ်သို့ခေါ်လိုက်သည်...ရူပတို့ကလဲထိုသို့ကြုံရပါများ၍ထွေထွေထူးထူးမခံစားနေပါ...ကိုကိုချစ်ကဲ့သ်ို့ပင်လက်ရှိအချိန်လေးကိုပျော်ပျော်နေမည်ဟုတွေးထားဟန်ရှိလေသည်...

ပေးလာသည့်လက်ဆောင်တွေကိုတော့လက်ခံထားလိုက်ကာညကျမှဖောက်ကြည့်ရန်လုပ်ထား၏...

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now