Part31

70 3 0
                                    

Unicode

ရူပကကိုကိုချစ်ပေးလာသည့်ဆံထိုးကိုယူလိုက်ကာဆံထုံးတွင်ထိုးလိုက်သည်။

''ငါတို့သွားကြရအောင်''

မိုးတိမ်ကထိုသို့ပြောလာတော့ကိုကိုချစ်တိ​ု့သုံးယောက်လုံးခေါင်းညိတ်လိုက်ပြီးအပြင်ကိုထွက်လာခဲ့ကြသည်။

မိုးတိမ်ကပန်းခင်းကြီးထဲမှပန်းတစ်ပွင့်ကိုခူးပြီးရူပကိုပန်ပေးလိုက်သည်။ရူပကနားမလည်ဟန်ဖြင့်ပြန်ကြည့်လိုက်တော့...

''မိဖုရားကပန်းပန်လေ့ရှိတယ်ဆိုလို့လေ''

ရူပလည်းထောက်ခံသည့်အသံပြုလိုက်ပြီးလေးယောက်သားတံခါးအပြင်ကိုထွက်လာတော့သည်။

''မင်းတို့အဲ့ဒါဘာလုပ်နေကြတာလဲ!''

ဟိန်းထွက်လာသောသြရှရှအသံကြောင့်သူတို့ကြည့်မိတော့ပန်းချီကားထဲတွင်တွေ့ခဲ့ရသည့်နဂါးဘုရင်နှင့်လူငယ်လေးတစ်ယောက်ဖြစ်နေသည်။မတူညီသည်မှာဤနဂါးဘုရင်၏မျက်ဝန်းများကနီရဲနေကာအိပ်ရေးပျက်မှုဒဏ်ကြောင့်မျက်တွင်းချိုင့်နေလေသည်။

ထိုစဥ်နဂါးဘုရင်က ကိုကိုချစ်နှင့်ကိုကိုမောင်အနောက်ကရူပနှင့်မိုးတိမ်ကိုတွေ့သွားဟန်ရှိကာအံ့သြမှင်သက်သွားသည့်ဟန်ဖြင့်တစ်လှမ်းချင်းတစ်လှမ်းချင်းခန့်ညားစွာလျှောက်လာလေသည်။

ထို့နောက်ရူပကိုပွေ့ဖက်လိုက်ကာမျက်ရည်များကျလာပြီးငိုနေတော့သည်။

''ကိုယ့်ရဲ့မိဖုရားလေး....ကိုယ်...ကိုယ်မင်းကိုရှာနေခဲ့တာ...မင်းဘယ်တွေများသွားနေတာလဲ?ကိုယ်ဘယ်လောက်တောင်စိတ်ပူခဲ့ရလဲမင်းသိရဲ့လား?''

ဘေးနားကမိုးတိမ်ကတော့လက်သီးကိုတင်းတင်းဆုပ်ထားကာစိတ်ကိုလျှော့နေရသည်။

နဂါးဘုရင်နှင့်အတူတူရှိနေခဲ့သည့်လူငယ်လေးကသူတို့နားလာကာဦးညွှတ်လာပြီး...

''ကျွန်တော်ကနဂါးဘုရင်ရဲ့ကိုယ်ရံတော်ပါ...အရှင်မကိုပြန်ရှာပေးခဲ့လို့ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့...ဒါနဲ့ဘယ်ကရှာတွေ့ခဲ့လဲဆိုတာကျွန်တော်သိနိုင်မလား?''

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now